top of page
MYANWEN Logo.png

MYANWEN Datshin

January 27, 2026

𝐌𝐘𝐀𝐍𝐖𝐄𝐍 (𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤) အသင်းကြီးရဲ့ 𝐘𝐨𝐮𝐧𝐠 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞𝐬 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞 ကနေ ကြီးမှူးကျင်းပခဲ့တဲ့ ဒုတိယအကြိမ်မြောက် "မြန်ဝမ်ဓါတ်ရှင်ပွဲတော်" ကြီးကို အားလုံးရဲ့ ဝိုင်းဝန်းပံ့ပိုးမှုတွေနဲ့အတူ စည်ကားသိုက်မြိုက်စွာ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီပဲ ဖြစ်ပါတယ်ရှင်။


ဇန်နဝါရီလ ၂၄-၂၅မှာ ကျင်းပခဲ့တဲ့ မြန်ဝမ်ဓါတ်ရှင်ပွဲကြီးကျင်းပရာ အင်းလျားလိတ်ဟိုတယ် ရဲ့ မြက်ခင်းပြင်ပေါ်ကို ကြွရောက်လာကြတဲ့ ဧည့်ပရိတ်သတ်အပေါင်းတို့ရဲ့ မီးရောင်စုံတွေအောက်မှာ ဂီတသံစဉ်တွေနဲ့အတူ အားလုံးရဲ့ အပြုံးတွေကို မြင်တွေ့လိုက်ရတဲ့အချိန်ဟာ ကျမတို့ 𝐌𝐘𝐀𝐍𝐖𝐄𝐍 𝐓𝐞𝐚𝐦 တစ်ခုလုံးအတွက်တော့ ဘာနဲ့မှမလဲနိုင်တဲ့ ပီတိအဖြစ်ရဆုံး အခိုက်အတန့်လေးပါပဲ။


မြန်ဝမ်ဓါတ်ရှင်ပွဲတော်ကြီးဟာ ရိုးရိုးရုပ်ရှင်ပွဲတော်တစ်ခုသက်သက် မဟုတ်ခဲ့ပါဘူး။ နိုင်ငံစီးပွားရေးရဲ့ အသက်သွေးကြောဖြစ်တဲ့ 𝐌𝐒𝐌𝐄 လုပ်ငန်းငယ်လေးတွေ ရှင်သန်ဖွံ့ဖြိုးဖို့၊ လူငယ်လုပ်ငန်းရှင်လေးတွေရဲ့ အိပ်မက်တွေ တောက်ပလာဖို့အတွက် ကျွန်မတို့ရဲ့ 𝐌𝐘𝐀𝐍𝐖𝐄𝐍 အဖွဲ့ကြီးနှင့်အတူတူ အားလုံးက ဝိုင်းဝန်းပံ့ပိုးပေးခဲ့ကြတဲ့ "မေတ္တာပွဲတော်" ကြီးတစ်ခုဆိုရင်လည်း မမှားပါဘူးရှင်။


ဒီလို အဓိပ္ပါယ်ရှိလှတဲ့ ဒုတိယအကြိမ်မြောက် မြန်ဝမ်ဓါတ်ရှင်ပွဲတော် ကြီးဖြစ်မြောက်ဖို့ရာအတွက် ...

🎞️ ဂန္ထဝင်ရုပ်ရှင်ဇာတ်ကားများကို မေတ္တာဖြင့် ပံ့ပိုးကူညီပေးပါသော မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကြီးနှင့်တကွ ...

🌟 စင်မြင့်ထက်ကနေ ပရိသတ်တွေကို ဖမ်းစားပြီး အကောင်းဆုံး 𝐄𝐧𝐞𝐫𝐠𝐲 တွေ ပေးခဲ့ကြတဲ့ နာမည်ကျော် အနုပညာရှင် များဖြစ်ကြတဲ့ စိုင်းစိုင်းခမ်းလှိုင်၊ ဘန်နီဖြိုး၊ အောင်ဇမ္ဗူ၊ ဗီတာမင်တို့နှင့်အတူတူ ...

🎤 ပွဲအစီအစဉ်ကို သက်ဝင်လှုပ်ရှားစေခဲ့တဲ့ 𝐌𝐂 များဖြစ်ကြတဲ့ 𝐃𝐫. ထူးပြည့်အောင်၊ 𝐌𝐘𝐀𝐍𝐖𝐄𝐍 𝐘𝐨𝐮𝐧𝐠 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞𝐬 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞 𝐌𝐞𝐦𝐛𝐞𝐫 များဖြစ်သော 𝐃𝐫. ယိင်းယိင်းဝိုခမ်း၊ နှင့် မခင်ရူပ၊ တေးသွားတွေကိုစိတ်ကြိုက်ဖန်တီးပေးခဲ့တဲ့ 𝐃𝐉 စွမ်းထက် နှင့် 𝐃𝐉 လပြည့် ...


အားလုံးရဲ့ စေတနာနဲ့ အနုပညာစွမ်းအားတွေကို ကျွန်မတို့ အမြဲအမှတ်ရနေမှာပါရှင်။

ဒါ့အပြင် ကျွန်မတို့ရဲ့ ရည်ရွယ်ချက်တွေကို ယုံကြည်ပြီး လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ နောက်ကနေ တွန်းတင်ပေးခဲ့ကြတဲ့ 𝐏𝐨𝐰𝐞𝐫 𝐇𝐨𝐮𝐬𝐞 ကြီးများဖြစ်တဲ့ 𝐒𝐩𝐨𝐧𝐬𝐨𝐫 ကုမ္ပဏီများ ကိုလည်း အထူးကျေးဇူးတင်ဂုဏ်ပြုပါရစေ။


ကျွန်မတို့ရဲ့ အဖိုးတန် 𝐏𝐚𝐫𝐭𝐧𝐞𝐫 များ ဖြစ်ကြတဲ့ ...

💎 𝐌𝐞𝐝𝐢𝐚 𝐏𝐚𝐫𝐭𝐧𝐞𝐫 အဖြစ် ပုံရိပ်တွေကို ဖော်ကျူးပေးတဲ့ 𝐇𝐄𝐘 𝐏𝐥𝐚𝐲

💎 𝐏𝐚𝐲𝐦𝐞𝐧𝐭 𝐏𝐚𝐫𝐭𝐧𝐞𝐫 အဖြစ် လွယ်ကူချောမွေ့စေတဲ့ 𝐊𝐁𝐙𝐏𝐚𝐲

💎 𝐁𝐞𝐯𝐞𝐫𝐚𝐠𝐞 𝐂𝐨𝐥𝐥𝐚𝐛𝐨𝐫𝐚𝐭𝐨𝐫 အဖြစ် လန်းဆန်းစေခဲ့တဲ့ 𝐇𝐞𝐢𝐧𝐞𝐤𝐞𝐧

🏆 𝐆𝐨𝐥𝐝 𝐒𝐩𝐨𝐧𝐬𝐨𝐫𝐬 များဖြစ်ကြတဲ့ ထာဝရဝိန့်စိန် စိန်ရတနာ ရွှေဆိုင် နှင့် မန္တလာမင်း 𝐄𝐱𝐩𝐫𝐞𝐬𝐬

🥈 𝐒𝐢𝐥𝐯𝐞𝐫 𝐒𝐩𝐨𝐧𝐬𝐨𝐫𝐬 များဖြစ်ကြတဲ့ 𝐉𝐮𝐯𝐞𝐧𝐮𝐬 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐀𝐞𝐬𝐭𝐡𝐞𝐭𝐢𝐜𝐬 & 𝐖𝐞𝐥𝐥𝐧𝐞𝐬𝐬၊ 𝐒𝐤𝐢𝐧𝐞𝐟𝐢𝐭𝐬 𝐒𝐤𝐢𝐧𝐜𝐚𝐫𝐞၊ 𝐑𝐨𝐲𝐚𝐥 𝐃

⛑️ 𝐒𝐮𝐩𝐩𝐨𝐫𝐭 𝐏𝐚𝐫𝐭𝐧𝐞𝐫𝐬 များဖြစ်ကြတဲ့ 𝐒𝐚𝐟𝐞𝐭𝐲 𝐒𝐮𝐩𝐩𝐨𝐫𝐭 ပိုင်းပေးခဲ့တဲ့ 𝐒𝐦𝐢𝐥𝐞 𝐅𝐢𝐫𝐞 𝐄𝐱𝐭𝐢𝐧𝐠𝐮𝐢𝐬𝐡𝐞𝐫၊ ဓာတ်ပုံနှင့်ဗီဒီယိုပိုင်းအတွက် 𝐅𝐨𝐫𝐞𝐯𝐞𝐫 𝐎𝐧𝐞 𝐒𝐭𝐨𝐩 𝐖𝐞𝐝𝐝𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞၊ 𝐌𝐞𝐝𝐢𝐜𝐚𝐥 𝐒𝐮𝐩𝐩𝐨𝐫𝐭 ပိုင်းအတွက် 𝐕𝐢𝐜𝐭𝐨𝐫𝐢𝐚 𝐇𝐨𝐬𝐩𝐢𝐭𝐚𝐥 နှင့် 𝐋𝐚𝐲𝐨𝐮𝐭 𝐏𝐥𝐚𝐧 ကိုမေတ္တာဖြင့်ပုံဖော်ပေးပါသော 𝐓𝐞𝐚𝐦 𝐎𝐧𝐞 𝐃𝐞𝐬𝐢𝐠𝐧 𝐒𝐭𝐮𝐝𝐢𝐨 တို့နဲ့အတူတူ

𝐌𝐒𝐌𝐄 လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ခရီးလမ်းမှာ အခုလို စိတ်တူကိုယ်တူ လက်တွဲခွင့်ရတာဟာ 𝐌𝐘𝐀𝐍𝐖𝐄𝐍 အတွက် ဂုဏ်ယူစရာ မှတ်တိုင်တစ်ခုပါပဲရှင်။

ဒီပွဲကို ပါဝင်ဆင်နွှဲခဲ့ကြတဲ့ ချစ်ရတဲ့ ပရိသတ်တစ်ဦးတစ်ယောက်ချင်းစီကိုရော၊ ကူညီပေးကြသူအားလုံးကိုရော၊ ပွဲစျေးတန်းမှာ လာရောက်ဖွင့်လှစ်ခဲ့ကြတဲ့လုပ်ငန်းအားလုံးကိုရော 𝐌𝐘𝐀𝐍𝐖𝐄𝐍 အသင်းကြီးနဲ့ 𝐘𝐨𝐮𝐧𝐠 𝐄𝐱𝐞𝐜𝐮𝐭𝐢𝐯𝐞𝐬 𝐂𝐨𝐦𝐦𝐢𝐭𝐭𝐞𝐞 ကိုယ်စား - "ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်" 🙏💕



bottom of page