top of page
MYANWEN Logo.png

MYANWEN BEAUTY MSME Showcase 2026 Fashion Show Appreciation Dinner

May 20, 2026

✨မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) မှ International Women’s Day (IWD) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျင်းပပြုလုပ်ခဲ့သည့် “MYANWEN BEAUTY MSME Showcase 2026 Fashion Show” တွင် ပါဝင်အားဖြည့်ခဲ့ကြသော ဒီဇိုင်နာများ၊ Fashion Show တွင် ပါဝင်ကူညီပြီး လျှောက်လှမ်းပေးခဲ့ကြသည့် MYANWEN အသင်းဝင်များနှင့် အသင်းဝင်အသစ်များကို ကြိုဆိုဂုဏ်ပြုသည့် Appreciation Dinner and New Member Welcome ကို ၂၀၂၆ ခုနှစ် မေလ (၁၉) ရက်နေ့တွင် ရန်ကုန်မြို့ရှိ PARKROYAL Hotel ၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ ✨

အခမ်းအနားတွင် Fashion Show အတွက် အားတက်သရော ပါဝင်ကူညီပေးခဲ့ကြသူများအား ကျေးဇူးတင်ဂုဏ်ပြုခြင်း၊ အသင်းဝင်အသစ်များအား နွေးထွေးစွာ ကြိုဆိုခြင်းများဖြင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့်ခဲ့ပါသည်။

💛Together We Build. Together We Inspire.💛



bottom of page