top of page
MYANWEN Logo.png

MYANWEN Beauty 2026 - The MSME Showcase ဖွင့်ပွဲအခမ်းအနား

March 9, 2026

မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် - 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐖𝐨𝐦𝐞𝐧 𝐄𝐧𝐭𝐫𝐞𝐩𝐫𝐞𝐧𝐞𝐮𝐫𝐬 𝐍𝐞𝐭𝐰𝐨𝐫𝐤 (𝐌𝐘𝐀𝐍𝐖𝐄𝐍) နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐨𝐬𝐦𝐞𝐭𝐢𝐜𝐬 𝐀𝐬𝐬𝐨𝐜𝐢𝐚𝐭𝐢𝐨𝐧 (𝐌𝐂𝐀) တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် MYANWEN Beauty 2026 - The MSME Showcase ဖွင့်ပွဲအခမ်းအနား

************************************


မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် MYANWEN နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း MCA တို့ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် MYANWEN Beauty 2026 - The MSME Showcase ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မတ်လ (၇)ရက်နေ့တွင် ရန်ကုန်မြို့ Sedona Hotel ၌ ကျင်းပခဲ့ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများ၏ ဇနီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဌများ၊ အတွင်းရေးမှူးအဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်များ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် MYANWEN နာယကများ၊ အကြံပေးပုဂ္ဂိုလ်များ၊ ဥက္ကဌနှင့် အမှုဆောင် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ အလှကုန်အသင်း MCA မှ ဒုဥက္ကဌများနှင့် အလုပ်အမှူဆောင်များ၊ ညီနောင်အသင်းများမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ဥက္ကဌနှင့် အလုပ်အမှုဆောင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်း၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယက၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီး ဒေါ်မော်မော်သန်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး၏ ဇနီး ဒေါ်နီနီထွန်း၊ မြို့တော်ဝန်၏ ဇနီး ဒေါ်စမ်းစမ်းအေး၊ စီးပွားရေးရာဝန်ကြီး၏ ဇနီး ဒေါ်မီမီစန်း၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် MYANWEN ဂုဏ်ထူးဆောင် နာယက ဒေါက်တာ ဒေါ်ခင်စမ်းရီ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် MYANWEN နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း MCA တို့၏ ဥက္ကဌ ဒေါက်တာ စုလှဟန်၊ မြန်မာနိုင်ငံ အလှကုန်အသင်း MCA ဒုတိယ ဥက္ကဌ ဒေါ်နီနီအောင်တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် MYANWEN နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း MCA တို့၏ ဥက္ကဌ ဒေါက်တာ စုလှဟန် မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဌ ဦးအေးဝင်း မှ အမှာစကားများပြောကြားခဲ့ပါသည်။

International Women’s Day 2026 ၏ ဆောင်ပုဒ်မှာ Give to Gain- ပေးသောလက်များဖြစ်သည့်အလျောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) မှ ရည်ရွယ်ချက်အတိုင်း ပံ့ပိုးမှုများကို Access to Finance , Access to Market အပြင် ဒီနှစ်မှာတော့ Access to Information & Digital အတွက် အသေးစား၊ အငယ်စား၊ အလတ်စား MSME စီးပွားရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရန်အတွက် တည်ဆောက်ထားသည့် Platform တစ်ခုဖြစ်တဲ့ Myanwen Digital Ecosystem၊ Learning Management System (LMS) Tools နှင့် E-commerce Platform ကို တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ဝင်းလဲ့မြရည်စံ မှ စတင်မိတ်ဆက်ပေးခဲ့ပါသည်။ ထို့နောက် SMED Bank , Executive Business Officer U Aung Ko Ko Lwin မှ Dependable Financial Partner ခေါင်းစဉ်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး အမှတ်တရ လက်ဆောင်ပေး အပ်ကာ MYANWEN Beauty 2026 - The MSME Showcase တွင် ခင်းကျင်းပြသထား ကဏ္ဍအသီးသီးမှ လုပ်ငန်းရှင်များ၏ ပြခန်း (၉၀) ကျော်ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။



bottom of page