မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) မှ MYANWEN Bazaar (Made in Myanmar Local Products) ကို နိုဝင်ဘာလ (၂၀)ရက်နေ့တွင် ရန်ကုန်မြို့ ဝန်ကြီးများရုံး၌ မြန်မာနိုင်ငံဘဏ်များအသင်း နှင့် အာဆီယံဘဏ်များအသင်းတို့ ပူးပေါင်းကျင်းပသည့် (၂၄)ကြိမ်မြောက် ASEAN Banking Conference သို့ တက်ရောက်လာကြသည့် အာဆီယံ ဒေသတွင်းနိုင်ငံများ၏ ဘဏ်လုပ်ငန်းများမှ ဧည့်သည်တော်များအတွက် မြန်မာရိုးရာယဉ်ကျေးမှုများနှင့် မြန်မာနိုင်ငံ၏ ပြည်တွင်းထွက်ကုန်ပစ္စည်းများကို လေ့လာနိုင်ရန် ပြုလုပ်ပေးခဲ့ပါသည်။
ထို MYANWEN Bazaar တွင် မြန်မာ့ သနပ်ခါး၊ ယက္ကန်း၊ Eco Print ၊ Handmade Paper Craft ၊ Handmade Jewellery တို့မှ လက်တွေ့သရုပ်ပြမူ နှင့်အတူ ပြည်တွင်း MSME လုပ်ငန်းရှင်များ၏ အဝတ်အထည်များ၊အစားအသောက် များနှင့် လက်မှုအနုပညာဆိုင်ခန်းများ ပါဝင်ခဲ့ပါသည်။












































