top of page
MYANWEN Logo.png

MYANWEN as a Strategic Partner at ICEET 2026

July 29, 2026

MYANWEN as a Strategic Partner at ICEET 2026

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၂၆) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော International Conference on Engineering, Economy and Technology (ICEET 2026) တွင် Myanmar Women Entrepreneurs Network (MYANWEN) မှ Strategic Partner အဖြစ် ဂုဏ်ယူဝမ်းမြောက်စွာ ပါဝင်ခဲ့ပါသည်။


အခမ်းအနားအတွင်း MYANWEN ဥက္ကဌ ဒေါက်တာစုလှဟန် မှ “Leadership on Myanmar’s Digital Transformation” Panel Discussion တွင် ပါဝင်ဆွေးနွေးခဲ့ပြီး၊ မြန်မာနိုင်ငံ၏ Digital Transformation အတွက် Artificial Intelligence (AI) ကို အသုံးချကာ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ MYANWEN ၏ လုပ်ဆောင်ချက်များနှင့် အနာဂတ်အမြင်များကို မျှဝေခဲ့ပါသည်။


ထို့အပြင် MYANWEN ဒုတိယဥက္ကဌ ဒေါ်သူဇာဝင်း မှ “Driving Innovation, Growth and Digital Economy” ခေါင်းစဉ်ဖြင့် Innovation၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် Digital Economy အတွက် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍနှင့် အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ပါသည်။


MYANWEN အနေဖြင့် နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို အခြေခံသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အားပေးကူညီသွားမည်ဖြစ်ပြီး၊ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ Digital Transformation ခရီးစဉ်တွင် ဆက်လက်လက်တွဲပံ့ပိုးသွားမည်ဖြစ်ပါသည်။



bottom of page