ဇွန်လ ၃၀ ရက် ၂၀၂၆ အင်္ဂါနေ့ ညနေ ၃ နာရီတွင် Myanwen- Green Earth Committee အဖွဲ့ဝင်ညီအမ များ၏ နှစ်စဉ် ပြုလုပ်မြဲ ဖြစ်သော မိုးဦးကျသစ်ပင်စိုက်ပျိုးခြင်းကို မှော်ဘီမြို့ရှိအောင်ဇဗ္ဗူတောရကျောင်းတွင် ကံ့ကော်ပင်များ၊ အုန်းပင် နှင့်စိန်ပန်းပင်များကို ကိုယ်တိုင်ကိုယ်ကျ သွားရောက် စိုက်ပျိုးခဲ့ကြပါသည်။
ဆရာတော်ကြီးအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်းနှင့် သစ်ပင်ပျိုးပင်များ ဆက်လက် ထိမ်းသိမ်းစောင့်ရှောက် ရန်နဝကမ္မ အလှူငွေတို့ကိုလည်းလှူဒါန်းခဲ့ပါသည်။
ယခုကဲ့သို့ မိုးဦးကျ သစ်ပ င်စိုက်ပျိုးခြင်းသည် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ရာသီဥတုပြောင်းလဲမှု လျော့ပါးစေရေးနှင့် အနာဂတ်မျိုးဆက်များအတွက် စိမ်းလန်းသာယာသော ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ MYANWEN Green Earth Committee မှ နှစ်စဉ် အစဉ်အလာမပြတ် ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြု လှုပ်ရှားမှုတစ်ရပ် ဖြစ်ပါသည်။
အောင်ဇဗ္ဗူကျောင်း၏ပဓာန ဆရာတော်မှလည်း MYANWEN မိသားစု များအတွက် သက်ရှည်ကျန်းမာ စိတ်ချမ်းသာစေရန်ရည်စူး၍ အင်ကြင်းပင်ကြီး (၁)ပင်ကိုဉယျာဉ်၏ အထင်ကရနေရာတွင် မေတ္တာဖြင့်စိုက်ပျိုးစေခဲ့ပါသည်။




















