မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် KBZ Center Mandalay တို့ ပူးပေါင်းပြီး အများပြည်သူ အခမဲ့ လာရောက်ဖတ်ရှု အသုံးပြုနိုင်မည့် “Knowledge Center” ဖွင့်ပွဲအခမ်းအနား
==============================
မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် KBZ Center Mandalay တို့ ပူးပေါင်းပြီး အများပြည်သူ အခမဲ့ လာရောက်ဖတ်ရှု အသုံးပြုနိုင်မည့် “Knowledge Center” ဖွင့်ပွဲ အခမ်းအနားကို KBZ Center Mandalay တွင် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့တွင် ပြုလုပ်ခဲ့ပါသည်။
ဖွင့်ပွဲတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) မှ ဥက္ကဌ ဒေါက်တာစုလှဟန်၊ နာယက ဒေါ်လှလှဝေ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) မန္တလေးတိုင်းဒေသကြီး၏ ဥက္ကဌ ဒေါ်မာလာမြင့်တို့မှ အသီးသီး အမှာစကားပြောကြားခဲ့ပြီး MYANWEN အသင်းဝင်များနှင့် KBZ Center Mandalay မှ တာဝန်ရှိသူများမှ “Knowledge Center” ကို လှည့်လည်ကြည့်ရှုခဲ့ပါသည်။ ထို့နောက် ဖောင်တော်ဦးဘုန်းတော်ကြီးစာသင်ကျောင်း မှ ကျောင်းသား/ကျောင်းသူများကို လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ပါသည်။












































