မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) အနေဖြင့် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်နေ့တွင် ပြုလုပ်ခဲ့သော Myanmar Business Trade Show & Travel Expo 2026 ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။
အဆိုပါဖွင့် ပွဲအခမ်းအနားတွင် နီပေါ သံအမတ်ကြီး၊ သီရိလင်္ကာ သံအမတ်ကြီး၊ ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် အီဂျစ်သံရုံးတို့မှ သံအရာရှိများ၊ Bangladesh-Myanmar Chamber of Commerce and Industry (BMCCI) မှ တာဝန်ရှိသူများနှင့် Singapore Association of Myanmar မှ တာဝန်ရှိသူများ တက် ရောက် ခဲ့ ပြီး MYANWEN ဒုဥက္ကဋ္ဌ ဒေါ်လင်းလင်းတင်ထွန်း မှလည်း နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါသည်။
MYANWEN အနေဖြင့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များနှင့် MSME လုပ်ငန်းများအတွက် ဈေးကွက်အခွင့်အလမ်းများ ရရှိစေရန်၊ စီးပွားရေးချိတ်ဆက်မှုများ ပိုမိုတိုးတက်လာစေရန်နှင့် လုပ်ငန်းအခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ ယခုကဲ့သို့သော စီးပွားရေးပြပွဲများ၊ Business Matching အစီအစဉ်များနှင့် စီးပွားရေးဆိုင်ရာ လှုပ်ရှားမှုများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်လျက်ရှိပါသည်။
Myanmar Business Trade Show & Travel Expo 2026 ကို ၃ ရက်တာ ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံအသီးသီးမှ စီးပွားရေးအဖွဲ့အစည်းများနှင့် Foreign Chambers များ ပါဝင်ကြမည်ဖြစ်ပါသည်။ ထို့အပြင် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများ၊ Business Matching အစီအစဉ်များ၊ ခရီးသွားကုမ္ပဏီများနှင့် ပါဝင်သည့်နိုင်ငံများမှ ကုန်စည်နှင့်ဝန်ဆောင်မှုများ မိတ်ဆက်ပြသသည့် ပြခန်းများ၊ ပြပွဲနှင့် ဈေးရောင်းပွဲများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ပါသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံတကာဈေးကွက်များနှင့် စီးပွားရေးအဖွဲ့အစည်းများထံ ချိတ်ဆက်နိုင်မည့် အခွင့်အလမ်းများ ရရှိစေမည့် ယခုကဲ့သို့သော အစီအစဉ်တွင် MYANWEN အနေဖြင့် ပူးပေါင်းပါဝင်ခွင့်ရရှိခြင်းအတွက် အထူးဝမ်းမြောက်မိပါသည်။
Myanmar Business Trade Show & Travel Expo 2026 ကို STP Event Management မှ စီစဉ်ကျင်းပခြင်း ဖြစ်ပါသည်။






















