top of page
MYANWEN Logo.png

MSMEs များအား နည်းပညာမြှင့်တင်ရေး အစီအစဉ် (၂၀၂၆)

September 9, 2026

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက် (Myanmar Women Entrepreneurs Network – MYANWEN) တို့ ပူးပေါင်း၍ “MSMEs များအား နည်းပညာမြှင့်တင်ရေး အစီအစဉ် (၂၀၂၆)” ဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက် (ကြာသပတေးနေ့) တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစီအစဉ်ကို MSME လုပ်ငန်းရှင်များ၏ နည်းပညာအသိပညာနှင့် ထုတ်လုပ်မှုစွမ်းဆောင်ရည် မြှင့်တင်ပေးရန်၊ ထုတ်ကုန်အရည်အသွေးနှင့် ဘေးကင်းလုံခြုံမှုဆိုင်ရာ အသိပညာများ တိုးတက်စေရန်၊ သုတေသနရလဒ်များကို စီးပွားရေးလုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်စေရန်နှင့် MSME လုပ်ငန်းများနှင့် သုတေသနအဖွဲ့အစည်းများအကြား Industry–Research Linkage ပိုမိုအားကောင်းလာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက် (Myanmar Women Entrepreneurs Network – MYANWEN) မှ ဒုတိယဥက္ကဋ္ဌ ဒေါ်ချိုသီရိမောင်တို့က အဖွင့်အမှာစကား အသီးသီးပြောကြားခဲ့ကြပါသည်။

ဆက်လက်၍ သက်ဆိုင်ရာနယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာရှင်များဖြစ်ကြသည့်

🔹 ဒေါက်တာကေသွယ်ခိုင် – ညွှန်ကြားရေးမှူး၊ အစားအစာသုတေသနဌာန

🔹 ဒေါ်စုစုဌေး – ဒုတိယညွှန်ကြားရေးမှူး၊ အစားအစာသုတေသနဌာန

🔹 ဒေါက်တာသန်းသန်းအေး – ညွှန်ကြားရေးမှူး၊ လက်တွေ့ဓာတုဗေဒသုတေသနဌာန

🔹 ဒေါက်တာလှမျိုးအောင် – ညွှန်ကြားရေးမှူး၊ ပြန်ပြည့်မြဲစွမ်းအင်သုတေသနဌာန

🔹 ဒေါ်ယုယုနွယ်ဦး – ဒုတိယညွှန်ကြားရေးမှူး၊ ပရဆေးသုတေသနဌာနခွဲ (ဓာတုနည်းပညာသုတေသနဗဟိုဌာန)

🔹 ဒေါ်ကေသီကျော် – ဒုတိယညွှန်ကြားရေးမှူး၊ ဓာတုနည်းပညာသုတေသနဗဟိုဌာန

🔹 ဒေါ်သီတာအောင် – ဒုတိယညွှန်ကြားရေးမှူး၊ ပေါ်လီမာသုတေသနဌာန

🔹 ဒေါက်တာဝါဝါမိုး – ညွှန်ကြားရေးမှူး၊ အမျိုးသားစံချိန်စံညွှန်းနှင့် အရည်အသွေးဌာန

🔹 ဒေါက်တာသဇင်ဟန် – ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန

တို့က သက်ဆိုင်ရာခေါင်းစဉ်များအလိုက် အသီးသီးမျှဝေဟောကြားပေးခဲ့ကြပါသည်။

ထို့အပြင် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များက စိတ်ဝင်စားသိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေး ဟောပြောပွဲ အပြီးတွင် သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင် ဆန်းသစ်မှု ဦးစီး ဌာန မှ ညွန်ကြားရေးမှုးချုပ် ဒေါက်တာဖြူဖြူဝင်းမှ ဒေါ်ကေသီကျော် – ဒုတိယညွှန်ကြားရေးမှူး၊ ဓာတုနည်းပညာသုတေသနဗဟိုဌာန အား အခြေခံတိုင်းရင်းဆေးသုတေတသနစာတမ်း အတွက် အကောင်းဆုံးပထမဆု အတွက် ဂုဏ်ပြုဆုပေးအပ်ခြင်း နှင့်

နေပြည်တော် MSME အသင်းမှ သုတေသနနှင့် တီထွင် ဆန်းသစ်မှု ဦးစီး ဌာန အလှုငွေ (၁၀) သိန်း ပေးအပ် လှုဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်နည်းပညာတက္ကသိုလ်မှ ဖိတ်ကြားထားသော ဆရာ၊ ဆရာမကြီးများ၊ မြန်မာနိုင်ငံစားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဖိတ်ကြားထားသူများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး/ပြည်နယ် SME ဌာနများမှ တာဝန်ရှိသူများနှင့်အတူ ပထမအုပ်စုအဖြစ် MSME လုပ်ငန်းရှင် ၁၅၀ ကျော် တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစီအစဉ်သည် MSME လုပ်ငန်းရှင်များအတွက် နည်းပညာနှင့် သုတေသနဆိုင်ရာ အသိပညာများ တိုးမြှင့်ပေးနိုင်သည့်အပြင် သုတေသနမှ စီးပွားရေးလုပ်ငန်းသို့ နည်းပညာလွှဲပြောင်းအသုံးချနိုင်ရေးနှင့် Industry–Research Linkage ပိုမိုခိုင်မာစေရေးအတွက် အကျိုးရှိသော ဆွေးနွေးဖလှယ်မှုများဖြင့် ညနေ ၅ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

#MSMEs #TechnologyUpgrading #MSME2026 #ResearchAndInnovation #IndustryResearchLinkage #MYANWEN



bottom of page