top of page
MYANWEN Logo.png

MOU with Myanmar Exhibitions, Events and Convention Association

October 14, 2025

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (Myanmar Women Entrepreneurs Network-MYANWEN) နှင့် မြန်မာနိုင်ငံ ကုန်စည်ပြပွဲများ၊ အခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း (Myanmar Exhibitions, Events and Convention Association) တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း


မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (Myanmar Women Entrepreneurs Network-MYANWEN) နှင့် မြန်မာနိုင်ငံ ကုန်စည်ပြပွဲများ၊ အခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း (Myanmar Exhibitions, Events and Convention Association) တို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၂၅ ခုနှစ်၊ ‌အောက်တိုဘာလ (၁၁)ရက် နေ့တွင် Yangon Convention Center ၌ လက်မှတ်ရေးထိုးခဲ့ပါသည်။


အဆိုပါ နားလည်မှု စာချွန်လွှာကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) ၏ ဥက္ကဋ္ဌ ‌ဒေါက်တာစုလှဟန် နှင့် မြန်မာနိုင်ငံ ကုန်စည်ပြပွဲများ၊ အခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း (Myanmar Exhibitions, Events and Convention Association) ၏ ဥက္ကဋ္ဌ ဦးမင်းသိန်း၊ အသိသက်သေများအဖြစ် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ပွင့်ဖြူတင်ထွဋ် ၊ ‌ မြန်မာနိုင်ငံ ကုန်စည်ပြပွဲများ၊ အခမ်းအနားများနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း (Myanmar Exhibitions, Events and Convention Association) ၏ အတွင်းရေးမှူး ဒေါ်ခိုင်နွယ်သိန်း တို့မှ လက်မှတ်ရေးထိုးခဲ့ကြပါသည်။



bottom of page