“စိတ်စွမ်းအား - AI စွမ်းအား မှသည် ကြံ့ကြံ့ခံနိုင်စွမ်း” “Mind & Machine: Building Resilience “ ဟောပြောပွဲ
Myanmar Women Entrepreneurs Network (MYANWEN) မှ မန္တလေးတိုင်းဒေသကြီးရှိ KBZ Center Mandalay တွင် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၅)ရက်နေ့၌ “စိတ်စွမ်းအား - AI စွမ်းအား မှသည် ကြံ့ကြံ့ခံနိုင်စွမ်း- Mind & Machine: Building Resilience” ဟောပြောပွဲ ကို မန္တလေးတိုင်း ဒေသကြီးရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်း လုပ်ကိုင်နေသူများနှင့် စီးပွားရေး စတင်လုပ်ကိုင်နေသူများအတွက် ရည်ရွယ်ပြီး ကျင်းပပေးခဲ့ပါသည်။
အခမ်းအနားတွင် မြန်မာ စီးပွားရေး လုပ်ငန ်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) မန္တလေးတိုင်းဒေသကြီး ၏ ဥက္ကဌ ဒေါ်မာလာမြင့်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် Winning Life (Training, Coaching & Consulting Co., Ltd) မှ CEO – Executive Coach – NLP Trainer ဦးကိုကိုလွင် မှ "MSME ခေါင်းဆောင်များအတွက် စိတ်ဖိစီးမှုမှ ခွန်အားသို့” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ Yangon School of Social Work (YSSW) မှ Founder & CEO ဦးကျော်စစ်နိုင် (BSW, MSW) မှ "နေ့စဉ်သုံး AI - လုပ်ငန်းနှင့်ဘဝအတွက် လက်တွေ့အသုံးတည့်မည့် AI နည်းလမ်းများ” ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဆွေးနွေး ခဲ့ပြီး တက်ရောက်လာကြသူများမှလည်း သိလိုသည်များမေးမြန်းခဲ့ပါသည်။
ဤအစီအစဉ်ကို ပြန်လည်ထူထောင်နိုင်ရေးအတွက် KBZ Center Mandalay မှ Venue Partner အဖြစ်ပံ့ပိုးပေးထားပါသည်။


































