🇲🇲မြန်မာအမျိုးသမီးများနေ့ (၂၀၂၆) အထိမ်းအမှတ် MYANWEN ၏ ပြည်တွင်းထုပ်ကုန်ပစ္စည်းများ Made in Myanmar MSME Products Showcase
🇲🇲 မြန်မာအမျိုးသမီးများနေ့ (၂၀၂၆) ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီး ကော်မတီ၏ ဦးဆောင်မှုဖြင့် စီစဉ်ကျင်းပသည့် အခမ်းအနားတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ ပြည်တွင်းထုတ်ကုန်ပစ္စည်း Made in Myanmar MSME ထုတ်ကုန်များကို ဂုဏ်ယူဝမ်းမြောက်စွာ ပါဝင်ခင်းကျင်းပြသခဲ့ပါသည်။
📍 ဇူလိုင်လ (၁) ရက်၊ ၂၀၂၆၊ နေပြည်တော် MICC-1 တွင် က ျင်းပသည့် “ပုလဲရတုစွမ်းအားပြု ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများ ဝတ်စားဆင်ယင်မှုပြပွဲနှင့် ရုပ်ရှင်၊ သဘင်၊ ဂီတ ဖျော်ဖြေပွဲ” နှင့်
📍 ဇူလိုင်လ (၃) ရက်၊ ၂၀၂၆၊ မြန်မာအမျိုးသမီးများနေ့ အခမ်းအနား တို့တွင် MYANWEN မှ မြန်မာနိုင်ငံအနှံ့ရှိ MSME လုပ်ငန်းရှင်များ၏ အရည်အသွေးမြင့် Made in Myanmar ထုတ်ကုန်များကို ပြည်သူများနှင့် အနီးကပ် မိတ်ဆက်ပြသခွင့် ရရှိခဲ့ပါသည်။
✨ ပြခန်းတွင် ပါဝင်ပြသခဲ့သည့် ထုတ်ကုန်များမှာ—
🌾 စိုက်ပျိုးရေးအခြေခံ စားသောက်ကုန်များ
🧵 ချည်မျှင်နှင့် အထည်အလိပ်ထုတ်ကုန်များ
🛍️ လူသုံးကုန်ပစ္စည်းများ
စသည့် ကဏ္ဍအသီးသီးမှ MSME လုပ်ငန်းရှင်များ၏ တီထွင်ဖန်တီးနိုင်စွမ်း၊ အရည်အသွေးမြင့် ထုတ်လုပ်မှုနှင့် မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုအလားအလာကို ထင်ဟပ်စေသော ထုတ်ကုန်များကို စုံလင်စွာ ပြသနိုင်ခဲ့ပါသည်။
MYANWEN သည် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် Made in Myanmar ထုတ်ကုန်များကို ပြည်တွင်းသာမက နိုင်ငံတကာဈေးကွက်များအထိ ပိုမိုရောက်ရှိစေရန် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အစဉ်တစိုက် အားပေးမြှင့်တင်သွားလျှက်ရှိပါသည်။
MSME တစ်ခု ကြီးထ ွားလာခြင်းသည် လုပ်ငန်းတစ်ခု၏ အောင်မြင်မှုသာမက မိသားစုတစ်စု၊ လူမှုအသိုင်းအဝိုင်းတစ်ခုနှင့် နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက်ပါ အရေးပါသော အင်အားတစ်ရပ် ဖြစ်ပါသည်။
Together, We Empower Women. Together, We Promote Made in Myanmar.


































