top of page
MYANWEN Logo.png

Made In Myanmar Local Product Fair (28)

August 19, 2024

"မြန်ပြည်တစ်ခွင် စိမ်းစိုသာယာဖို့၊ Made in Myanmar Local Products Fair မှာ ပူးပေါင်းပါဝင်ကြပါစို့။” 


ree

Made in Myanmar Local Products Fair မှာ စျေးဝယ်ရင်း အပင်လေးတွေစုပေါင်းစိုက်ပျိုးရန်အတွက် ဖိတ်ခေါ်ပါတယ်ရှင်။ 


Myanmar Women Entrepreneurs Network (MYANWEN)  (မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်) စီစဉ်ပြီး The Official Banking Partner အဖြစ် AYA Bank နှင့် Venue Partner အဖြစ် Junction City တို့မှ ပူးပေါင်းပါဝင် ထားသည့် (၂၈ ) ကြိမ်မြောက် Made in Myanmar Local Products Fair ကို တမူထူးခြားစွာ “စိုပြည်စိမ်းလန်း မြန်ပြည်တဝှမ်း” ဆိုတဲ့ ရည်ရွယ်ချက်တစ်ခု နှင့်အတူ ကျင်းပသွားမှာ ဖြစ်လို့ မြန်မာ့ရိုးရာစားသောက်ကုန် နှင့် လူသုံးကုန် ပစ္စည်းများသာမက အိမ်တွင်း၊ အိမ်ပြင် စိုက်ပျိုးနိုင်သော အပင်များကိုလည်း ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ် !!!!  

Made in Myanmar Local Products Fair ကို လာရောက်ကြသူတိုင်း “စိုပြည်စိမ်းလန်း မြန်ပြည်တဝှမ်း” နဲ့ ကိုက်ညီတဲ့ မိမိတို့ ကြိုက်နှစ်သက်ရာ အတွေးအမြင်‌လေးတွေကို ရေးပြီး သစ်ပင်တွင် ချိတ်ဆွဲနိုင်မှာဖြစ်ပါတယ်။ လာရောက်ရေးသားကြသည့် သူများထဲမှာ (၁၀)ဦးကိုလည်း ပွဲပြီးလျှင် မဲနှိုက်ရွေးချယ်ပီး အမှတ်တရ လက်ဆောင် သစ်ပင်လေးများ ပေးသွားမှာ ဖြစ်ပါတယ်။


 “စိုပြည်စိမ်းလန်း မြန်ပြည်တဝှမ်း” ကျင်းပ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များမှာ -

1. သစ်ပင်စိုက်ပျိုးခြင်းနှင့်အတူ သဘာဝပတ်ဝန်းကျင်ကိုထောက်ပံ့ပြီး ရေရှည်တည်တံ့ခိုင်မြဲမှုကို မြင့်တင်ရန်။ 

2. ဈေးဝယ်ခြင်း နှင့် စိုက်ပျိုးခြင်း လှုပ်ရှားမှုများ အတူတကွ ပြုလုပ်ခြင်းအားဖြင့် ပိုမိုစိမ်းလန်းသော ကမ္ဘာမြေသို့ ပံ့ပိုးကူညီရန် လူများကို အတူတကွ ခေါ်ဆောင်ရန်။ 

3. သစ်ပင်စိုက်ပျိုးခြင်းများနှင့် အခြားသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို ပံ့ပိုးရန်အတွက် ပွဲမှ ရရှိသောငွေများကို အကျိုးရှိရှိ အသုံးချရန် တို့ဖြစ်ပါတယ်ရှင့်။ 


 တည်နေရာ : Junction City, Promotion Area, Level 2

 နေ့ရက် : 19.8.2024 မှ 23.8.2024 

 အချိန် : နံနက် (၉) နာရီ မှ ည (၇) နာရီ ထိ



bottom of page