top of page
MYANWEN Logo.png

Innovative Textile Design and Production Program (Shan State)

December 16, 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network (MYANWEN) နှင့် BayDar & Co နှင့်ပူးပေါင်းပြီး ပြည်တွင်းရှိ အထည်အလိပ်လုပ်ငန်းရှင်များအတွက် “ဆန်းသစ် တီထွင် ချည်ထည်ဒီဇိုင်းနှင့် ထုတ်လုပ်မှုမြင့်မားရေးအစီအစဉ်”-“Innovative Textile Design and Production Program”အား ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ (အင်းလေးကန်)တွင် ကျင်းပခဲ့သည့်ပုံရိပ်များ

======================


မြန်မာ့ပြည်တွင်းချည်ထည်လုပ်ငန်းလုပ်ကိုင်ကြသူများ၊ ချည်ထည်ပစ္စည်းများ ထုတ်လုပ်ရောင်း ချနေကြသူများနှင့် ရက်ကန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်နေကြသူများအား

  • ထုတ်ကုန်ဒီဇိုင်းများ ဖန်တီးနိုင်စေရန်၊

  • ထုတ်လုပ်မှု အရည်အသွေးနှင့် ကုန်ထုတ်စွမ်းအားများပိုမိုတိုးတက်လာစေရန်

  • ထုတ်လုပ်မှုလုပ်ငန်းစဉ်များရေးဆွဲ အကောင်အထည်ဖော်နိုင်စေရန်နှင့်

  • အရည်အသွေးမြင့်မားပြီး ဆန်းသစ်သော ဒီဇိုင်းများကို စျေးကွက်သို့ ထုတ်လုပ်ရောင်းချနိုင်စေရန် ရည်ရွယ်၍ ပြည်တွင်းရှိ အထည်အလိပ်လုပ်ငန်းရှင်များအတွက် “ဆန်းသစ် တီထွင် ချည်ထည်ဒီဇိုင်းနှင့် ထုတ်လုပ်မှုမြင့် မားရေးအစီအစဉ်”-“Innovative Textile Design and Production Program” ကို ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အင်းလေးကန်ရှိ ခေတ်ဆန်းယဥ် ယက္ကန်းရုံတွင်၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ အောင်မြင်စွာကျင်းပခဲ့ပါသည်။


မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network (MYANWEN) နှင့် BayDar & Co နှင့်ပူးပေါင်းပြီး “ဆန်းသစ် တီထွင် ချည်ထည် ဒီဇိုင်းနှင့် ထုတ်လုပ်မှုမြင့် မားရေးအစီအစဉ်”-“Innovative Textile Design and Production Program” အား ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် ကျင်းပခဲ့ရာ တက်ရောက်သူ သင်တန်းသား/ သင်တန်းသူပေါင်း (၂၀၀) ကျော်ရှိခဲ့ပြီး၊ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြပါသော သင်တန်းသား/သင်တန်းသူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း ကျေးဇူးတင်ရှိပါသည်။



bottom of page