top of page
MYANWEN Logo.png

Inclusive Digital Initiative Entrepreneurship Program Factory Visit

September 21, 2024

“Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ်နည်းပညာသုံး ဘက်စုံအောင်မြင် စီးပွားရေးလုပ်ငန်းရှင် အစီအစဉ်၏  တတိယမြောက်လတွင် ရန်ကုန်ရှိ MSME လုပ်ငန်းရှင်များမှ Factory Visit လေ့လာနေသော ပုံရိပ်များ”

==================

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) မှ ကြီးမှူးပြီး Main Program Partner အဖြစ် Prudential Myanmar Life Insurance. မှ ပူးပေါင်း ပါဝင်ထားသည့် ၁၂ ပတ်ကြာမြင့်မည့် “Inclusive Digital Initiative Entrepreneurship Program” “ဒစ်ဂျစ်တယ် နည်းပညာသုံး ဘက်စုံအောင်မြင် စီးပွားရေးလုပ်ငန်းရှင် အစီအစဉ်”၏ တတိယမြောက်လဖြစ်သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၁) ရက်နေ့တွင် ရန်ကုန်ရှိ MSME လုပ်ငန်းရှင်များမှ Sawbwa Coffee စော်ဘွားကော်ဖီနှင့် Bay Dar & Co Limited များသို့ သွားရောက်လေ့လာခဲ့ကြပါသည်။ Sawbwa Coffee စော်ဘွားကော်ဖီ၏ လုပ်ငန်းလည် ပတ်မှုများကို တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားသကဲ့သို့ Bay Dar & Co Limited ၏ Founder & Owner မထူးသန့်စင်နှင့် တာဝန်ရှိသူများမှ လုပ်ငန်းလည်ပတ် ဆောင်ရွက်နေမှုများကို လေ့လာကြသူများအားရှင်းလင်း ပြောကြားကြရာ MSME လုပ်ငန်းရှင်များအနေဖြင့် အကျိုးကျေးဇူးရရှိနိုင်မည်ဟု မျှော်လင့်ပါသည်။

လေ့လာခွင့်ပြုခဲ့ကြသည့် Sawbwa Coffee စော်ဘွားကော်ဖီနှင့် Bay Dar & Co Limited တို့ကိုလည်း MYANWEN မှ အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



bottom of page