top of page
MYANWEN Logo.png

Growth Lab : FMCG Edition Final Day

August 22, 2025

အစားအသောက်နှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ် ရောင်းချဖြန့်ချိနေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းလုပ်ကိုင်နေသူများ၊ လုပ်ကိုင်ဖို့ရည်ရွယ်ချက်ရှိသူများအားလုံးအတွက် စီစဉ်ထားပေးတဲ့ “Growth Lab: FMCG Edition ” 5 Days Program လေးကတော့ ဩဂုတ်လ (၂၂) ရက်နေ့မှာ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ…


ဩဂုတ်လ (၂၂) ရက်နေ့ တွင် “Growth Lab: FMCG Edition ” 5 Days Program ၏ Pitching Competition ကို ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် Nominee များက အသီးသီးယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်တက်ရောက်ခဲ့ကြသူများမှလည်း ရင်တွင်းဖြစ်အမှတ်တရ စကားများကို ပြောကြားခဲ့ပါတယ်။ ညနေပိုင်းမှာတော့ Program ပြီးဆုံးကြောင်း အခမ်းအနားနဲ့ ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။


Closing Ceremony မှာ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် - Myanmar Women Entrepreneurs Network - မြန်ဝမ်ရဲ့ ဥက္ကဌ၊ International Federation of Business and Professional Women - BPW Myanmar ရဲ့ ဥက္ကဌ ဒေါက်တာစုလှဟန်မှ အမှတ်တရစကားပြောကြားပေးခဲ့ပြီး၊ KBZ Bank မှ Head of SME Business Unit Ko Myo Win Zaw မှလည်း အမှတ်တရစကား မျှဝေပေးခဲ့ပါတယ်။


ree
ree

“Growth Lab: FMCG Edition ” 5 Days Program မှာ Team Award အနေနဲ့ကတော့ “အနော်ရထာ” အသင်းမှ ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်။

Growth Champion Award ကိုတော့ Ma Ei Hnin Phyu (Founder and Creative Director, Dairy Queen) မှ ရရှိခဲ့တာ ဖြစ်ပါတယ်။


ဆုရရှိခဲ့တဲ့သူများအားလုံးကိုလည်း ဂုဏ်ယူဝမ်းမြောက်မိသလို အမှတ်ပေး အကဲဖြတ်ကြတဲ့ အကဲဖြတ်လူကြီးမင်းများ၊ Program ၅ ရက်တာအတွင်းမှာ အချိန်ပေးပြီး လာရောက် သင်ကြားပို့ချပေးခဲ့ကြတဲ့ ဆရာဆရာမများ၊ အချိန်ပေးပြီး မပျက်မကွက် တက်ရောက်ခဲ့ကြတဲ့ လုပ်ငန်းရှင်များကိုလည်း အထူးကျေးဇူးတင်ရှိသလို ဒီ Program ကနေ အချင်းချင်း ချိတ်ဆက်မိခဲ့ကြတဲ့ Network တွေနဲ့ သင်ယူခဲ့ကြရတဲ့ သင်ခန်းစာများ၊ လက်တွေ့လေ့ကျင့် လုပ်ဆောင်မှုများအားလုံးကိုလည်း ပြန်လည်အသုံးချနိုင်မယ်လို့ ယုံကြည်ပါတယ်။


“Growth Lab: FMCG Edition ” 5 Days Program လေးအခုလို အောင်မြင် ဖြစ်မြောက် အောင် ကူညီပံ့ပိုးပေးခဲ့ကြတဲ့ Main Sponsor အဖြစ် MDG (Myanmar Distribution Group), Official Financial Partner အဖြစ် KBZ Bank, KBZ Pay တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။



bottom of page