မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MDG (Myanmar Distribution Group) တို့က Collaboration Partner အဖြစ် ပူးပေါင်းကာ Official Financial Partner အဖြစ် KBZ Bank နှင့် KBZ Pay တို့မှ အဓိက ပံ့ပိုးကူညီပေးထားသည့် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချ ဖြန့်ချိနေတဲ့ လုပ်ငန်းရှင်များအတွက် “Growth Lab: FMCG Edition“ 5 Days Program ကို ယနေ့ ဩဂုတ်လ (၁၈) ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။

ထို 5 Days Program တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဒုတိယ ဥက္ကဌ ဒေါ်သူဇာဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး MDG (Myanmar Distribution Group) ၏ Deputy Managing Director ဒေါက်တာမိုးမြတ်ဝင်းနှင့် KBZ Bank, KBZPay, Card Business, Digital Banking & Commercial Banking ၏ Managing Director
ဦးစိုးကိုကို တို့မှ Program ပြုလုပ်ရခြင်း အကြောင်းတို့ကို ပြောကြားခဲ့ပြီး “Growth Lab: FMCG Edition“ 5 Days Program ကို ဖွင့်လှစ်ပေးခဲ့ပါသည် ။
ဤ “Growth Lab: FMCG Edition ” 5 Day Program ကို အစားအသောက်နှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ် ဖြန့်ချိရေးလုပ်နေတဲ့ အသေးစား၊ အငယ်စား ၊ အလတ်စား လုပ်ငန်းလုပ်ကိုင်နေသူများ၊ လုပ်ကိုင်ဖို့ရည်ရွယ်ချက်ရှိသူများအားလုံး (ကျား/မ မရွေး) အတွက် လက်တွေ့အသုံးချနိုင်မယ့် Strategies for Resilience, Digital Transformation အပါအဝင် လက်ရှိရင်ဆိုင ်ကြုံတွေ့နေကြရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ပြီး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် နှင့်ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် အထောက်အကူပြုစေလိုတဲ့ ရည်ရွယ်ချက်နဲ့အတူစီစဉ်ပေးခဲ့ခြင်း ဖြစ်ပါတယ်။


































