“Growth Lab: FMCG Edition ” Program ရဲ့ တတိယမြောက်နေ့မှာ Myanmar Distribution Group မှာလက်တွေ့လေ့လာခွင့်ရခဲ့တဲ့ Field Execution: Factory Visit
အစားအသောက်နှင့် လူသုံးကုန် ပစ္စည်းများ ထုတ်လုပ် ရောင်းချဖြန့်ချိနေတဲ့ အသေးစား၊ အလတ်စား လုပ်ငန်းလုပ်ကိုင်နေသူများ၊ လုပ်ကိုင်ဖို့ရည်ရွယ်ချက်ရှိသူများအားလုံးအတွက် စီစဉ်ထားပေးတဲ့ “Growth Lab: FMCG Edition ” Program ရဲ့ တတိယမြောက်နေ့မှာ Myanmar Distribution Group ရဲ့ Myanmar Lion Co., Ltd Factory မှာ Field Execution: Factory Visit ပြုလုပ်ခွင့်ရခဲ့ပါတယ်။
ဒုတိယပိုင်းအစီအစဉ်မှာတော့ လုပ်ငန်းရှင်များအတွက် ဒီကနေ့ခေတ်မှာ မဖြစ်မနေသိထားရမယ့်၊ လက်တွေ့မှာ အသုံးဝင်မယ့် AI Usages တွေကို အတူတကွလုပ်ဆောင်စေရင်း မျှဝေသင်ကြားပေးခဲ့ပါတယ်။
Speaker : U Win Thu Aung (Associate Professor and Corporate Trainer at Strategy First University, and Senior Lecturer at the British United College and Swiss Business School (Myanmar Campus))
ပါဝင်တက်ရောက်ကြတဲ့ လုပ်ငန်းရှင်များ၊ သင်ကြားမျှဝေပေးတဲ့ ဆရာ၊ ဆရာမများနဲ့ Factory Visit ပြုလုပ်ခွင့်ပေးတဲ့ Myanmar Distribution Group ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။




























