မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် City Trust, AYA Pay, Wave, City Mart Holdings Company Limited (CMHL) တို့ ပူးပေါင်းကာ လျင်မြန်စွာ ပြောင်းလဲနေသော စီးပွားရေး စနစ်တစ်ခုမှာ MSME လုပ်ငန်းတွေ အတွက် မရှိမဖြစ်အရေးပါသော Digital Finance အကြောင်းကို အလုပ်ရုံဆွေးနွေးပွဲအနေနဲ့ ဇူလိုင်လ (၁၀)ရက်နေ့ ၊ မနက် (၉)နာရီမှ နေ့လည် (၁၂) နာရီအထိ Novotel Hotel, Pyay Room (Level 4) မှာ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပထမဦးစွာ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) မှ ဒုတိယဥက္ကဌ ဒေါ်ချိုသီရိမောင်မှ အဖွင့်မှာစကားနှင့် ပွဲ၏ရည်ရွယ်ချက်ကို ရင်းနှီးစွာပြောကြားခဲ့ပါသည်။
ထို့နောက် အလုပ်ရုံဆွေးနွေးပွဲကို
1. Working Capital Management ခေါင်းစဉ်ဖြင့် Dr. Aye Aye Mar (General Secretary, Myanmar Women Entrepreneurs Network)၊
2. Digital Payment Acceptance Overview , Payment Gateway, QR Payment(MMQR) ခေါင်းစဉ်ဖြင့် U Nyein Chan Soe Win (Chief Executive Officer, City Trust)၊
3. AYA pay for SME ခေါင်းစဉ်ဖြင့် Daw Ohn Mar Phyo (General Manager, Head of Transaction Banking, AYA Bank) ၊
4. Wave Money for SME ခေါင်းစဉ်ဖြင့် Daw Nway Htway Thet Lar (Head of Corporate Partnerships, Wave Money)၊
5. Digital Lending Solutions for SME ခေါင်းစဉ်ဖြင့် U Than Lwin Aung (Head of Operations, City Trust)
6. Welcoming from City Mart to Invaluable Suppliers ခေါင်းစဉ်ဖြင့် Daw Khin Khin Thein (Merchandising Manager, City Mart Holdings Co., Ltd) တို့က တက်ရောက်လာကြတဲ့ MSME လုပ်ငန်းရှင် အယောက် (၆၀) ကျော်နှင့် ဆွေးနွေးခဲ့ကြပါသည်။
ဒီအကြောင်းအရာအထဲမှာ MMQR ကဲ့သို့သော ဒစ်ဂျစ်တယ်ငွေကြေးနည်းလမ်းတွေနဲ့ပတ်သက်တဲ့ အသိပညာတွေလည်း ပြန်လည်မျှဝေဖလှယ်နိုင်ခဲ့ပြီး၊ အမျိုးသမီးတွေအတွက် အတားအဆီးတွေ ကျော်လွားနိုင်ပြီး မျှော်လင့်ချက်အသစ်တွေလည်း ဖော်ထုတ်လာနိုင်ခဲ့ပါတယ်။
မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) အနေနှင့်လည်း ဒီလို အလုပ်ရုံ ဆွေးနွေးပွဲမျိုးတွေသာမက MSMEs လုပ်ငန်းရှင်တွေအတွက် လိုအပ်သည်များကို ဆက်လက် အားဖြည့် လုပ်ဆောင်ပေးသွားဖို့ရှိပါသည်။




























