✨ စွန့်ဦးတီထွင်လုပ်ငန်းရှင်စိတ်ဓာတ် မြှင့်တင်ရေး ဆွေးနွေးဟောပြောပွဲ (Entrepreneurship Mindset Seminar 2026) ✨
မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ ကြီးမှူးကျင်းပသည့် "စွန့်ဦးတီထွင်လုပ်ငန်းရှင်စိတ်ဓာတ် မြှင့်တင်ရေး ဆွေးနွေးဟောပြောပွဲ (Entrepreneurship Mindset Seminar 2026)" ကို ၂၀၂၆ ခုနှစ် ဇူလိုင်လ (၅)ရက်နေ့တွင် ပဲခူးမြို့ရှိ PEGU International School တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
ဤဟောပြောပွဲသည် MSME လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လုပ်ငန်း စတင်လိုသူများ၊ လူငယ်များ၊ တက္ကသိုလ်ကျောင်းသား/သူများ၊ အမျိုးသမီးလုပ်ငန်းရှင်များနှင့် စီးပွားရေးအခွင့်အလမ်းအသစ်များ ရှာဖွေနေသူများအတွက် စွန့်ဦးတီထွင်လုပ်ငန်းရှင်စိတ်ဓာတ်ကို မြှင့်တင်ပေးရန်နှင့် လက်တွေ့အသုံးချနိုင်မည့် အသိပညာနှင့် အတွေ့အကြုံများကို မျှဝေပေးရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပါသည်။
အစီအစဉ်တွင် MYANWEN ၏ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန် မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ MYANWEN ၏ လုပ်ငန်းဆောင်တာများနှင့် အသင်းဝင်ခြင်း၏ အကျိုးကျေးဇူးများကို အထွေထွေအတွင်းရေးမှူး ဒေါက်တာအေးအေးမာ မှ မျှဝေရှင်းလင်းပေးခဲ့ပါသည်။
ဆက်လက်၍ "စွန့်ဦးတီထွင်လုပ်ငန်း စတင်ခြင်းမှ ရေရှည်အောင်မြင်မှုသို့" ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဒေါ်ဝင်းလဲ့မြရည်စံ (တွဲဖက်အတွင်းရေးမှူး - မြန်ဝမ်၊ Co-Founder & CEO, Nest Asia Co., Ltd.) မှ Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပါသည်။
စကားဝိုင်းတွင် Panelists များအဖြစ်
🔹 ဒေါ်အိအိဝင်းအလုပ်အမှုဆောင်၊ မြန်ဝမ်Co-Founder – နေပြည်တော်ပုံရိပ်သစ် သစ်ထွင်းလေဆာပန်းချီနှင့် မော်ဒန်ပရိဘောဂလုပ်ငန်း
🔹 ဒေါ်ဇင်ခိုင်မြင့်ဒေသဆိုင်ရာတာဝန်ခံအသင်းဝင်၊ မြန်ဝမ်Managing Director – Healthy Natural Farm Co., Ltd.
🔹 ဒေါ်ပန်အိကိုအသင်းဝင်၊ မြန်ဝမ်CEO – ဘိလပ်ပြန် ချည်ထည်တိုက် တို့မှ
Entrepreneur Mindset နှင့် အတွေ့အကြုံများကို မျှဝေပေးခဲ့ကြပါသည်။
Panelists များက ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ စတင်ခဲ့သည့် အတွေ့အကြုံများ၊ စိန်ခေါ်မှုများကို ကျော်ဖြတ်ခဲ့ပုံများ၊ ပြောင်းလဲနေသော စျေးကွက်အခြေအနေများအတွင်း ဆန်းသစ်တီထွင်မှု (Innovation) နှင့် လိုက်လျောညီထွေဖြစ်နိုင်မှု (Adaptability) ၏ အရေးပါမှု၊ စီးပွားရေးအခွင့်အလမ်းများကို မည်သို့ဖော်ထုတ်အသုံးချရမည်ဆိုသည့် အတွေ့အကြုံများကို ပွင့်လင်းစွာ မျှဝေပေးခဲ့ကြပါသည်။
တက်ရောက်လာသူများနှင့် တရင်းတနှီး ဆွေးနွေးခဲ့ကြပြီး၊ လုပ်ငန်းအတွေ့အကြုံများ၊ စီးပွားရေးစတင်ရာတွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများနှင့် အောင်မြင်မှုဆီသို့ ဦးတည်နိုင်မည့် Entrepreneurial Mindset အပေါ် အသိအမြင်အသစ်များ ရရှိခဲ့ကြပါသည်။
MYANWEN အနေဖြင့် ယခုကဲ့သို့ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ MSME လုပ်ငန်းပိုင်ရှင်များနှင့် လူငယ်များ၏ စွမ်းဆောင်ရည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသိပညာမျှဝေခြင်း၊ အတွေ့အကြုံဖလှယ်ခြင်းနှင့် ကွန်ရက်ချိတ်ဆက်မှုများကို ပဲခူးတိုင်းဒေသကြီးမှာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
🙏 ဟောပြောပွဲကို တက်ရောက်အားပေးခဲ့ကြသော ဧည့်သည်တော်များ၊ Panelists များ၊ စီစဉ်ဆောင်ရွက်ပေးခဲ့ကြသူများနှင့် ပူးပေါင်းကူညီပေးခဲ့ကြသူများအားလုံးကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။
























