Global Entrepreneurship Week ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ Celebrating Women Entrepreneurs Event ✅ ကတော့ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ 📣
မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) မှ ဦးစီးပြီး ပြင်သစ်ယဉ်ကျေးမှူဌာန (IFB), Embassy of France in Myanmar တို့ရဲ့ ပံ့ပိုးကူညီမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် ရက်သတ္တပါတ် (Global Entrepreneurship Week 2025) ကို ကျင်းပတဲ့အနေနဲ့ Celebrating Women Entrepreneurs Event ကို အောင်မြင်စွာ ကျင်းပနိုင်ခ ဲ့ပြီဖြစ်ပါတယ်။
ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားပေးပါသော Myanmar Women Entrepreneurs Network (MYANWEN) နှင့် International Federation of Business and Professional Women- BPW Myanmar ရဲ့ ဥက္ကဌဖြစ်သူ အမ Dr.Su Hla Han နဲ့ အဖွင့်အမှာစကား ပြောကြားပေးပါသော Cultural Attache, Embassy of France in Myanmar, Deputy Director of Institut Francais de Birmanie မှ Mr.Benoit BAULOT ကို အထူးကျေးဇူးတင်ပါတယ်ရှင်။
ဒါ့အပြင် Real Life Story Session မှာ ပါဝင်ပေးတဲ့ Guest Speaker များဖြစ်တဲ့
🔹 Ko Thet Oo Shwe
(Founder, Coffee Date and Date Bakery)
🔹 Ma Hnin Thinzar Phyo
(Founder and CEO, Gee Leather)
🔹Ma Shwe Zin Moe
(Founder and Designer, My6 Fashion)
🔹Ma May Myat Mon Kyaw
(Founder, Myanma Glory) တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
——
ကိုယ်တိုင်ပါဝင်လုပ်ဆောင်နိုင်အောင် ပါဝင်ပံ့ပိုးပေးခဲ့ကြတဲ့ Activities များဖြစ်တဲ့
✅“Acrylic Art Workshop”
Instructor - M.Tun Aung
✅“Wire Jewelry Workshop “
Instructor - Ma Thiri
✅“Clay Pot Painting“
Instructor - Bay Dar and Co တို့ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
——-
Grand Final Pitching Competition 📣
Accelerating Women Entrepreneurs for Success Program ရဲ့ Micro Grant Winner များအနေနဲ့ ထပ်မံယှဉ်ပြိုင်ကြတဲ့ Grand Final Pitching Competition မှာတော့
Micro Grant Winner များဖြစ်တဲ့
🔺Myat Thinzar Ko (Mala 36)
Women in Food and Agribusiness
🔺May Thet Lwin (The Charm)
Women in Fashion and Textile
🔺Win Lae Lae Naing (Amigo Book Store)
Women in Service Based Sector
🔺Thinzar Ye Myint (Freewill Engineering Services and Training)
Women in Digital and Tech
🔺Thae Aye Aung (Hand I Craft)
Women in Manufacturing and Production တို့မှ ယှဉ်ပြိုင်ခဲ့ကြပြီး
Woman Entrepreneur of 2025 ကိုတော့
🔺Myat Thinzar Ko (Mala 36)
Women in Food and Agribusiness မှ ရရှိသွားတာဖြစ်ပါတယ်ရှင်။
ပြိုင်ပွဲဝင်များကို အချိန်ပေး အကဲဖြတ်ကာ အမှတ်ပေးခဲ့ခဲ့ကြတဲ့ အကဲဖြတ်လူကြီးမင်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
🔺People’s Choice Award ကို ပါဝင်ယှဉ်ပြိုင်သူများစွာထဲကမှ မဲအရေအတွက်အများဆုံးနဲ့ အနိုင်ရရှိသွားတဲ့ Tele Doctor မှ Founder Ma Myat Thin Su အတွက်လည်း အထူးဂုဏ်ယူ ဝမ်းမြောက်မိပါတယ်ရှင်။
——-
Program ရဲ့ Closing Ceremony မှာတော့ Director of Institut Francais de Birmanie, Head of Cooperation, Embassy of France in Myanmar ဖြ စ်တဲ့ Mr.Hegedus Bela, Keynote Speech ပြောကြားပေးပါသော ဆရာကြီး Professor Dr.Aung Htun Thet နဲ့ Accelerating Women Entrepreneurs for Success Program တစ်ခုလုံးရဲ့ အနှစ်ချုပ်ကိုတော့ MYANWEN ရဲ့ Joint Secretary , The Inspiration ရဲ့ Founder and CEO, Program Lead ဖြစ်တဲ့ Ma Win Lae Mya Yee San ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
Global Entrepreneur Week ကို ဂုဏ်ပြုတဲ့အနေနဲ့ကျင်းပတဲ့ Celebrating Women Entrepreneurs Event မှာ ပါဝင်ပေးခဲ့ကြတဲ့ Partners များ၊ Guest Speakers များအားလုံး၊ Workshop များအနေနဲ့ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ ဆရာဆရာမများ၊ အဖွဲ့အစည်းများနဲ့ 3 လတာ ကြာမြင့်ခဲ့တဲ့ Accelerating Women Entrepreneurs for Success မှာ ပါဝင်ပေးခဲ့ကြတဲ့ ပါတနာများ၊ In-Person နဲ့ Online မှ သင်ကြားပေးခဲ့ကြတဲ့ ဆရာ၊ဆရာမများ၊ Mentoring Session တွေမှာ ပါဝင်ကူညီ လမ်းညွှန်ပေးကြတဲ့ဆရာ၊ဆရာမများ၊ Online/ Inperson မှာ အကဲဖြတ်လူကြီးမင်းများ၊ Program ဖြစ်မြောက်ရေးမှာ ပါဝင်ပေးခဲ့ကြတဲ့ သူများ၊ ပါဝင်တက်ရောက်ခဲ့ကြတဲ့ အမျိုးသမီး လုပ်ငန်းရှင်များ တစ်ဦးတစ်ယောက်ချင်းစီတိုင်းအပြင် ဒီနေ့မှာ လာရောက်အားပေးကြတဲ့၊ ပံ့ပိုးကူညီပေးကြတဲ့ သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါတယ်ရှင်။


































































