top of page
MYANWEN Logo.png

Business Matching: Access to Market Opportunities

August 25, 2026

၂၄.၈.၂၀၂၆ ရက်နေ့တွင် M Tower 6th floor ရှိ MYANWEN ရုံးချုပ်မှာ ကျင်းပပြုလုပ်သော အသေးစား၊ အငယ်စား အလတ်စား (MSMEs) စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရန်အတွက် အဓိကလိုအပ်ချက်တခုဖြစ်တဲ့ စျေးကွက်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ ပြည်တွင်းစျေးကွက်သာမက ပြည်ပ Digital Marketplace များအထိ ထိုးဖောက်ဝင် ရောက်နိုင်ဖို့အတွက် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် (MYANWEN) နဲ့ Myanmar Zarla Distribution Group Co., Ltd. တို့ ပူးပေါင်းပြီးစီးပွားရေးချိတ်ဆက်မှူအစီအစဉ်အားအောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ပါသည်။


အဓိက ဆွေးနွေးမှုများမှာ -

Access to Market: Zarla Distribution ရဲ့ ခိုင်မာတဲ့ Distribution Channels & Networks များကို ရယူအသုံးချနိုင်ရေး

Export Expansion & Digital commerce : ပြည်ပဈေးကွက် ထိုးဖောက်ရေး၊ ၂၄ နာရီ ဝန်ဆောင်မှုနှင့် B2B E-Commerce စနစ်များဖြင့် ရောင်းချနိုင်ရေး တို့ဖြစ်ပါသည်။

ရန်ကုန်တိုင်းအပြင် မန္တလေး တိုင်း ပဲခူးတိုင်း မှ လုပ်ငန်းရှင်များတက်ရောက်လာကြပြီး မိမိတို့၏ ထုတ်ကုန်များကို ပြသ၍ ပြည်တွင်း ပြည်ပ စျေးကွက် ထိုးဖောက်ဝင်ရောက်နိုင်ရန် အသီးသီး ဆွေးနွေးခဲ့ကြပါသည်။


တွဲလက်များခိုင်မြဲစွာနဲ့ အတူတကွ ဈေးကွက်အခွင့်အလမ်းများကို ဆက်လက်ကြိုးပမ်းဖော်ဆောင်ကြပါစို့။



bottom of page