✨ Beyond Beauty: The Power of Myanmar Design Fashion Show ✨
မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် – Myanmar Women Entrepreneurs Network (MYANWEN) နှင့် မြန်မာနိုင်ငံ အလှကုန်အသင်း – Myanmar Cosmetics Association (MCA) တို့ ပူးပေါင်း၍ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပြုလုပ်သည့် ဒုတိယအကြိမ်မြောက် MYANWEN Beauty 2026 – The MSME Showcase တွင် “Beyond Beauty: The Power of Myanmar Design Fashion Show” ကို အထူးအစီအစဉ်အဖြစ် ကျင်းပခဲ့ပါသည်။
Fashion Show တွင် မြန်မာဒီဇိုင်းများ၏ ဖန်တီးမှုစွမ်းအား၊ ယဉ်က ျေးမှုတန်ဖိုးများနှင့် ခေတ်မီဖက်ရှင်အလှတရားများကို ပေါင်းစပ်ထင်ဟပ်ပြသနိုင်ရန် ရည်ရွယ်ထားပြီး ပြည်တွင်းဒီဇိုင်နာများ၏ ထူးခြားလှပသော ဖန်တီးမှုများကို MYANWEN နှင့် MCA အသင်းဝင် ညီအစ်မများက မော်ဒယ်များအဖြစ် အလှတရားနှင့်အတူ ဂုဏ်ယူစွာ ပြသခဲ့ကြပါသည်။
ပင်ကိုယ်ဖန်တီးမှုနှင့် ဆန်းသစ်မှုကို ပေါင်းစပ်ဖန်တီးထားသည့် ဒီဇိုင်နာများမှာ —
• Zu Zu Collection
• Designer Ma Pont
• မြောက်ကျွန်းသူ ပိုးထည်
• Ma Cho Too – Amayar
• Lady Bella
• Nandi
• Perfect K
• MY6
တို့ဖြစ်ပြီး ခေတ်မီဆန်းသစ်လှပသော မြန်မာဒီဇိုင်းများကို ထူးခြားစွာ ဖန်တီးပြသပေးခဲ့ပါသည်။
ထို့အပြင် Fashion Show တွင် ဆင်မြန်းပြသခဲ့သော လှပသည့် Jewellery များကို Golden Bell Jewellery & Goldsmith နှင့် Treasure Star Gems & Jewellery တို့မှ ပံ့ပိုးပေးထားခြင်းဖြစ်ပြီး ဖက်ရှင်ဒီဇိုင်းများ၏ အလှတရားကို ပိုမိုတောက်ပစေခဲ့ပါသည်။ ✨
Myanmar fashion နှင့် local designers များကို ဆက်လက် ထောက်ပံ့အားပေးကြပါစို့။
















































































































































