Accelerating Women Entrepreneurs for Success 2025 ရဲ့ Micro Grant Winner တွေ ပေါ်ထွက်လာပါပြီ📣
Myanmar Women Entrepreneurs Network (MYANWEN) မှ ဦးစီး ကျင်းပတဲ့ Accelerating Women Entrepreneurs for Success Program မှာ ရွေးချယ်ခံထားရတဲ့ အနယ်နယ်အရပ်ရပ်မှ မြန်မာအမျိုးသမီး စီးပွါးရေးလုပ်ငန်းရှင် အယောက် (၅၀) ဟာဆိုရင် In-Person workshops မှာ (5) ရက်လုံးကို ပါဝင်တက်ရောက်ခဲ့ကြတဲ့အပြင် October လမှာ Online Workshop Sessions များစွာနဲ့ Group Mentoring Session များကို လည်း တက်ရောက် ခဲ့ကြပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Nov 9 - 13 အထိမှာတော့ Business Category အလိုက် Micro Grant Pitching Competition ကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။
Category အလိုက် Micro Grant Pitching Competition မှာ အကောင်းဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့ကြတဲ့ ပြိုင်ပွဲဝင် အမျိုးသမီးလုပ်ငန်းရှင်များအားလုံးအတွက် ဂုဏ်ယူမိသလို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့ကြတဲ့ Micro Grant Winner များကိုလည်း ထပ်လောင်းပြီး ဂုဏ်ပြုအပ်ပါတယ်။
ထိုက်ထိုက်တန်တန်နဲ့ ဆွတ်ခူးရရှိခဲ့ကြတဲ့ Micro Grant Winner များကတော့
🔺Myat Thinzar Ko (Mala 36)
Women in Food and Agribusiness
🔺May Thet Lwin (The Charm)
Women in Fashion and Textiles
🔺Win Lae Lae Naing (Amigo Book Store)
Women in the Service-Based Sector
🔺Thinzar Ye Myint (Freewill Engineering Services and Training)
Women in Digital and Tech
🔺Thae Aye Aung (Hand I Craft)
Women in Manufacturing and Production
ပြိုင်ပွဲဝင်များကို အချိန်ပေး အကဲဖြတ်ကာ အမှတ်ပေးခဲ့ကြတဲ့ အကဲဖြတ်လူကြီးမင်းများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်ရှင်။
Micro Grant Winner များအနေနဲ့ 23th Nov 2025 မှာ Grand Final Pitching Competition ကို ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး Women Entrepreneur of 2025 Award ကို ရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။
Global Entrepreneurship Week ကို ဂုဏ်ပြုတဲ့အထိမ်းအမှတ်အနေနဲ့ 23th Nov 2025 မှာ Talk Show တွေ၊ Activities တွေနဲ့အတူ Local Brand Owner တွေရဲ့ Booth အခင်းအကျင်း တွေအပြင် Micro Grant Winner များရဲ့ Grand Final Pitching Competition ကို လာရောက် အားပေးနိုင်မှာဖြစ်လို အသေးစိတ်ကို စောင့်မျှော်ကြည့်ရှုပေးပါဦးနော်။











