မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် BPW Myanmar ၏ ဥက္ကဌ ဒေါက်တာ စုလှဟန် ဦးဆောင်သော BPW Myanmar ကိုယ်စားပြု ၉ ဦးသည် နိုင်ငံပေါင်း ၁၈ နိုင်ငံမှ ကိုယ်စားလှယ်နှင့် ပါဝင်သူ ၂၀၀ ခန့် တက်ရောက်ခဲ့သည့် 5th BPW Young Symposium ကို Phuket တွင် ဂုဏ်ယူစွာ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
ပထမနေ့တွင် ထိုင်းနိုင်ငံရှိ UNDP Resident Representative နှင့် Pre-event အစီအစဉ်၊ နိုင်ငံအသီးသီးမှ ကိုယ်စားလှယ်များ ပါဝင်သည့် Flag Ceremony၊ Opening Ceremony နှင့် Keynote Speeches၊ Women Science and Technology Award နှင့် Young BPW Creative Award ချီးမြှင့်ပွဲ၊ အဖွဲ့လိုက်တွေ့ဆုံဆွေးနွေးခြင်းနှင့် BPW Goods Sales အစီအစဉ်များကို ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။
ညနေပိုင်းတွင် ကျင်းပသည့် Evening Banquet ၌ နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်မှ ရိုးရာဖျော်ဖြေတင်ဆက်မှုတွင် မြန်မာနိုင်ငံမှ လက်တီးအကဖြင့် ကပြတင်ဆက်ခဲ့ပါသည်။
🌊 “Deep Ocean, Deep Connection” ဟူသော ဆောင်ပုဒ်အတိုင်း နိုင်ငံ၊ ယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကျောင်းနယ်ပယ်များ မတူညီကြသော်လည်း အမျိုးသမီးများအချင်းချင်း ချိတ်ဆက်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ခေါင်းဆောင်မှုနှင့် အပြန်အလှန်အားပေးမှုတို့မှတစ်ဆင့် ပိုမိုခိုင်မာသော ကမ္ဘာလုံးဆိုင်ရာ BPW အသိုက်အဝန်းကို တည်ဆောက်လျက်ရှိပါသည်။
အဓိပ္ပါယ်ပြည့်ဝသော တွေ့ဆုံမှုများ၊ ယဉ်ကျေးမှုဖလှယ်မှုများနှင့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ၏ စည်းလုံးညီညွတ်မှုများ ဖြင့် Day 1 ကို အောင်မြင်စွာ ဖြတ်သန်းခဲ့ကြပါသည်။ 🇲🇲🌏




















