ပြင်သစ်-မြန်မာ ခေါက်မုန့်ပွဲ နှင့် စျေးရောင်းပွဲတော် ၂၀၂၆
✨✨ France Myanmar Crêpe Festival & Market Fair 2026 ✨✨
မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) နှင့် ပြင်သစ်မြန်မာကုန်သည်ကြီးများအသင်း - CCI France Myanmar တို့မှ ပူးပေါင်းပြီး ၂၀၂၆ ခုနှစ်၊ မတ်လ (၁၄) နေ့တွင် စိမ်းလန်းစိုပြေ၌ ပြင်သစ်နှင့် မြန်မာ နှစ်နိုင်ငံ၏ အရသာနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ပေါင်းစပ်တင်ဆက်ခဲ့သော France Myanmar Crêpe Festival & Market Fair 2026 ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။
ပွဲအတွင်း ပြင်သစ် Crêpe များနှင့် မြန်မာ့ရိုးရာ ခေါက်မုန့်များကို လူအများ စိတ်ဝင်စားစွာ မြည်းစမ်းခဲ့ကြပြီး Market Fair တွင်လည်း Made in Myanmar Local Products များနှင့် ရွေးချယ်ထားသော ပြင်သစ်ထုတ်ကုန်များကို လာရောက်လေ့လာဝယ်ယူခဲ့ကြပါသည်။
ထို့အပြင် Interactive Session များတွင် ကိုယ်တိုင်ပါဝင်လေ့လာခြင်းများက ပွဲတက်ရောက်သူများအတွက် ထူးခြားသော အတွေ့အကြုံများကို ပေးစွမ်းနိုင်ခဲ့ပါသည်။
ဤပွဲတော်သည် အစားအစာမှတဆင့် ယဉ်ကျေးမှုဖလှယ်ရေးကို မြှင့်တင်ပေးခဲ့သလို လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ ချိတ်ဆက်မှုများကိုလည်း ပိုမိုခိုင်မာစေခဲ့ပါသည်။
လာရောက်အားပေးခဲ့ကြသော ဧည့်သည်များ၊ ပါဝင်ရောင်းချသူများနှင့် ပွဲကို ပိုမိုအသက်ဝင်စေခဲ့သော အားလုံးသော ပါဝင်သူများအား အထူးကျေးဇူးတင်ရှိပါသည်။
နောင်လာမည့် ပွဲများတွင်လည်း ထပ်မံတွေ့ဆုံနိုင်ရန် မျှော်လင့်ပါသည်။
France–Myanmar Crêpe Festival & Market Fair 2026 ကို အောင်မြင်စွာ ကျင်းပနိုင်ရန် ပံ့ပိုးပေးခဲ့သော Sponsor များဖြစ်သည့်
Market Ambassador
KBZ Bank / KBZPay
Diamond Sponsors
Aung Thit Furniture & WOWMe
Ruby Sponsors
Grand Cherry Oo Watch Gallery & Pan Pacific Yangon
In-Kind Sponsors
EXERA Myanmar & Myanmar Carlsberg နှင့် ပါဝင်ပေးကြသည့်
Vendor များ၊ Activity Partner များနှင့် တက်ရောက်လာကြသော ဧည့်သည်များအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါသည်။


















































