top of page
MYANWEN Logo.png

Digital Financial Literacy (Intermediate Level) သင်တန်း

November 28, 2024

မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network (MYANWEN) နှင့် Wave Money တို့ပူးပေါင်းပြုလုပ်သည့် Digital Financial Literacy (Intermediate Level) သင်တန်း

=============================


မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs Network (MYANWEN) နှင့် Wave Money တို့ပူးပေါင်းပြုလုပ်သည့် Digital Financial Literacy (Intermediate Level) သင်တန်းကို MYANWEN Members များအတွက် ဒစ်ဂျစ်တယ်နှင့် ငွေကြေးဆိုင်ရာ ကျွမ်းကျင်မှုများကို မြှင့်တင်နိုင်ရန် Digital Literacy (Online) သင်တန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက် (ကြာသပတေးနေ့)နှင့် Financial Literacy (In-person) သင်တန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက် (စနေနေ့) တို့တွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

Digital Literacy (Online) သင်တန်းတွင် လုပ်ငန်းခွင် ဒစ်ဂျစ်တယ်ပြောင်းလဲမှု၊ Data စီမံခန့်ခွဲမှုနှင့် AI အသုံးပြုမှု နှင့် ဆိုက်ဘာလုံခြုံရေးသိကောင်းစရာများကို Trainer မကြာညိုသူဇာမှ ဝေမျှခဲ့ပြီး၊ Financial Literacy (In-person) သင်တန်းတွင် ဘတ်ဂျက်နှင့် ဘဏ္ဍာရေးစီမံကိန်း၊ စုဆောင်းငွေနှင့် ရင်းနှီးမြှုပ်နှံမှုများ၊ ဒစ်ဂျစ်တယ်နှင့် မိုဘိုင်းဘဏ်လုပ်ငန်းများကို Trainer မသက်ထားဆွေမှ ရှင်းလင်းပြောကြားခဲ့ကြရာ တက်ရောက်လာကြသည့် သင်တန်းသူများမှ သိလိုသည်များမေးမြန်းခဲ့ပြီး သင်တန်းအား အောင်မြင်စွာကျင်းပခဲ့ပါသည်။



bottom of page