top of page
MYANWEN Logo.png

၂၀၂၅–၂၀၂၆ ခုနှစ်အတွင်း ထူးချွန်အောင်မြင်မှုများ ရရှိခဲ့ကြသော အသင်းဝင်ညီအစ်မများအား ဂုဏ်ပြုခြင်း

July 27, 2026

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ၂၀၂၅–၂၀၂၆ ခုနှစ်အတွင်း ကဏ္ဍအသီးသီးတွင် ထူးချွန်အောင်မြင်မှုများ ရရှိခဲ့ကြသော အသင်းဝင်ညီအစ်မများအား ဂုဏ်ပြုခြင်း


မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) အနေဖြင့် အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ အောင်မြင်မှုများကို အသိအမှတ်ပြုခြင်းနှင့် အားပေးမြှင့်တင်ခြင်းတို့ကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိပါသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၅–၂၀၂၆ ခုနှစ်အတွင်း မိမိတို့၏ သက်ဆိုင်ရာနယ်ပယ်အသီးသီး၌ ထူးချွန်စွာ ကြိုးပမ်းအောင်မြင်ခဲ့ကြသော MYANWEN အသင်းဝင်ညီအစ်မများအား ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

🏆 ဂုဏ်ပြုခံရသော အသင်းဝင်ညီအစ်မများ

ဒေါ်မေနှင်းဝေ

CEO – Healthy & Happy Myanmar

ဒေါ်သီတာဝင်း

Founder & CEO – ARBC Limited (Plan Bee Enterprise)

ဒေါ်မြသဲဖြူ

Founder & CEO – Golden Goat Myanmar Co., Ltd.

ဒေါ်အိပိုးဖြူ

Managing Director – Shwe Zee Kwat Food Manufacturing & Int’l Export Co., Ltd.

ဒေါ်နန်းခင်အုန်း

Founder & CEO – Na Rain Dara Co., Ltd.

ဒေါ်ဟေမာစံ

Founder & CEO – Hein Shwe Yaung Production

ဒေါ်မိုးသူဇာ

Founder & CEO – Khar Taw Oo Food Production

ဒေါ်ပန်းအိကို

Founder & CEO – Bi Lat Pyan Cotton House

ဒေါ်ယဉ်ယဉ်မြတ်

Founder & CEO – Latt Khat Than

ဒေါ်ချစ်စုသွယ်

CEO & Managing Director – Golden Royal Century Co., Ltd.

(Chomar Rice Wholesale)

ဒေါ်မာလာမြင့်

Founder & Managing Director – DMK Myanmar Co., Ltd.

သက်ထားသူဇာ

Myanmar National Badminton No.1 Player

ဒေါ်မြင့်မြင့်အေး

အပြေးအားကစားသမား

MYANWEN အနေဖြင့် အောင်မြင်မှုများကို ဖန်တီးလျက်ရှိသော အမျိုးသမီးလုပ်ငန်းရှင်များနှင့် ထူးချွန်သူများ၏ ကြိုးစားအားထုတ်မှုများကို ဂုဏ်ယူစွာ အသိအမှတ်ပြုပါသည်။


အမျိုးသမီးများ၏ စွမ်းဆောင်ရည်၊ ခေါင်းဆောင်မှုနှင့် တီထွင်ဖန်တီးနိုင်မှုများသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။

MYANWEN ၏ ခရီးလမ်းတွင် ဆက်လက်အောင်မြင်မှုများ ရရှိကြပါစေကြောင်းနှင့် အနာဂတ်တွင် ပိုမိုကြီးမားသော အောင်မြင်မှုများကို ဆက်လက်ဖန်တီးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။


Congratulations to all outstanding MYANWEN Members! 🎉



bottom of page