top of page
MYANWEN Logo.png

မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်

July 30, 2026

🇲🇲🤝🇯🇵 မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် (Myanmar–Japan Business Forum)


၂၀၂၆ ခုနှစ် ဇူလိုင်လ (၂၈) ရက်နေ့တွင် Myanmar Convention Centre (MCC) ၌ ကျင်းပပြုလုပ်သည့် မြန်မာ-ဂျပန် နှစ်နိုင်ငံချစ်ကြည်ရေး ပိုမိုခိုင်မာစေရန်နှင့် မြန်မာနိုင်ငံ၏ လူမှုစီးပွားကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုအသင်းနှင့် ဂျပန်နိုင်ငံ Ingo Peace တို့ ပူးပေါင်းကျင်းပသည့် မြန်မာ-ဂျပန် စီးပွားရေးဖိုရမ်တွင် ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ​၏ အသေးစား၊အငယ်စား နှင့် အလတ်စား ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဌနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်  (MYANWEN) ဥက္ကဌ ဖြစ်သူ ဒေါက်တာစုလှဟန်က အသင်းချုပ်၏ MSME ပြခန်းကို တာဝန်ယူ၍ MYANWEN အသင်းဝင်များ၏ ပြည်တွင်း MSME ထုတ်ကုန်ပစ္စည်းများကို စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ဈေးကွက်ချဲ့ထွင်ရေးနှင့် နိုင်ငံတကာချိတ်ဆက်မှုများ တိုးမြှင့်နိုင်ရေးအတွက် ဂျပန်နိုင်ငံသို့ တင်ပို့လျက်ရှိသည့် ထုတ်ကုန်များနှင့် တင်ပို့ရန် အလားအလာရှိသော အရည်အသွေးမြင့် စားသောက်ကုန်ပစ္စည်းများ၊ ချည်မျှင်နှင့် အထည်အလိပ်များကို ဂုဏ်ယူဝမ်းမြောက်စွာ ခင်းကျင်းပြသခဲ့ပါသည်။


အဆိုပါဖိုရမ်သည် မြန်မာနှင့် ဂျပန် နှစ်နိုင်ငံအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေပြီး မြန်မာ MSMEs များ၏ အရည်အသွေးမြင့်ထုတ်ကုန်များကို နိုင်ငံတကာစီးပွားရေးမိတ်ဖက်များထံ မိတ်ဆက်ပေးကာ ဈေးကွက်ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းများ ဖန်တီးပေးသည့် အရေးပါသော Business Networking Platform တစ်ခုဖြစ်ပါသည်။ 



bottom of page