top of page
MYANWEN Logo.png

မြန်မာနှစ်ဦးမင်္ဂလာ စုပေါင်းကုသိုလ်ပွဲ ၂၀၂၆

April 22, 2026

*MYANWEN ၏ မြန်မာနှစ်ဦးမင်္ဂလာ စုပေါင်းကုသိုလ်ပွဲ*


(၂၁.၄.၂၀၂၆) အင်္ဂါနေ့တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ရက် (MYANWEN)မှ ကြီးမှူး၍ ရွှေတိဂုံစေတီတော်မြတ်ကြီး၌ "နှစ်ဦးမင်္ဂလာကုသိုလ်ပွဲ" ကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။


ဘုရားဖူးပြည်သူများအား မုန့်ဟင်းခါး (အချိန် ၂၀၀) စတုဒိသာကျွေးမွေးခြင်း၊ ISO Plus Energy Drink များတိုက်ခြင်း၊ ကုန်းတော်ပြည့် ဆီမီး (၁၁,၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မဟာပဌာန်းဒေသနာတော်များ ရွတ်ဖတ်ပူဇော်ခြင်း စသည့် မြတ်သောဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်အစုစုတို့ကို စုပေါင်းပြုလုပ်ခဲ့ကြပါသည်။

ဤကုသိုလ်ပွဲ ဖြစ်မြောက်စေရန်အတွက် စိတ်တူကိုယ်တူ ပါဝင်ကူညီ လှူဒါန်းပေးကြသည့် အလှူရှင်များနှင့် MYANWEN မှ ညီအစ်မများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။


ဤကောင်းမှုကုသိုလ်တို့ကြောင့် နှစ်သစ်မှစ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။



bottom of page