top of page
MYANWEN Logo.png

“Accelerating Women Entrepreneurs for Success” Program

September 29, 2025

မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) အနေနဲ့ ဒေသတွင်း စီးပွားရေး လုပ်ငန်းများကို ခေတ်နဲ့အပြိုင် တိုးတက်စေဖို့ အမျိုးသမီး လုပ်ငန်းရှင်များအတွက် “Accelerating Women Entrepreneurs For Success” Program ကို စီစဉ်ပေးခဲ့တာ ဖြစ်ပါတယ်။


ree

ဒီ Program က ၃ လတာ ကြာမြင့်မှာဖြစ်ပြီး In-Person Training ကိုတော့ 29th Sept မှ 3rd Oct အထိ ကျင်းပသွားမှာ ဖြစ်လို့ ပါဝင် သင်ကြားပေးမယ့် ဆရာ၊ ဆရာမများနဲ့လည်း ဂုဏ်ယူစွာ မိတ်ဆက်ပေးချင်ပါတယ်။


လုပ်ငန်းကို ဦးဆောင်နေတဲ့ အမျိုးသမီးများအတွက် Special Guest Speaker အနေနဲ့ ပါဝင်သွားမှာကတော့

 

ree

Leader တွေမှာ ရှိသင့်ရှိထိုက်တဲ့ အကြောင်းအရာများကို ဟောပြောဆွေးနွေးပေးသွားဖို့ အတွက်

ဆရာကြီး Professor Dr.Aung Tun Thet


ree

 Customer Engagement ကောင်းကောင်းနဲ့ ဝန်ဆောင်မှုပေးနိုင်ဖို့ အတွက်

U Myint Zaw (Vice Chairman, AYA Bank PCL Chairman, Wise College)


ree

 အမျိုးသမီး စွန့်ဦးတီထွင်တစ်ယောက်အနေနဲ့ Entrepreneurial Mindset အတွက်

Dr.Su Hla Han (President, Myanmar Women Entrepreneurs Network)


ree

 Total Quality Management ခေါင်းစဉ်နဲ့ မျှဝေပေးမယ့်သူကတော့

U Thant Zaw Ko (CEO, Shangrila-Leap International Co.,Ltd, Managing Director, AVA Pacific Co.,ltd)



ree

 ငွေကြေးစီမံခန့်ခွဲမှုနှင့် ငွေကြေးရင်းနှီးမြှပ်နှံမှု ပိုင်းဆိုင်ရာ အကြောင်းအရာများကိုတော့

Dr.Aye Aye Mar ( Academic Director & Founder BIY College)

 လက်ရှိထက် ပိုမို Growth ဖြစ်စေနိုင်မယ့် Strategies များနဲ့ပတ်သက်ပြီး သင်ကြားမျှဝေမှာကတော့

Daw Cho Thiri Maung (Managing Director, Malikah Power Engineering Ltd)

 Business Pitching ပိုင်းနဲ့ပတ်သက်ပြီး ပြင်ဆင်နိုင်အောင်

Daw Yadanar Zaw (Founder & CEO, Golden Vision Myanmar Co.,Ltd)

 Digital Workspace နှင့် Digital tools ဆိုင်ရာများအတွက်

Daw Win Lae Mya Yee San (Founder & CEO, The Inspiration)


ree

 ဥပဒေရေးရာ လိုက်နာရမယ့်၊ ရှိထားရမယ့် Legal Documents အကြောင်းအရာများကိုတော့

U Sa Sa Nyunt (Founder & Managing Partner, KST Legal Law Firm)

 MSMEs လုပ်ငန်းတွေအတွက် People Building ပိုင်းကိုတော့

Daw Laura Cho ( Laura Cho - Founder, ThriveWork Advisory)

 Operation ပိုင်းဆိုင်ရာ ပိုင်ပိုင်နိုင်နိုင် စီမံခန့်ခွဲနိုင်ဖို့

U Kaung Wai Phyo (Founder & CEO, Ginga Learn)

 အခက်အခဲ၊ အတားအဆီးတွေကိုကျော်လွှားပြီး ထိုးဖောက်နေကြတဲ့ လုပ်ငန်းရှင်များအနေနဲ့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို ဂရုစိုက်နိုင်စေဖို့အတွက်

Daw Judi Khine Pwint (Founder & CEO, Honest Hour Well-Being Services)

ဒါ့အပြင် Real Life Success Story ခေါင်းစဉ်နဲ့ ပါဝင်မျှဝေမယ့်သူကတော့

Daw Thida Win (Founder & CEO, Apiculture Resource and Business Center (ARBC) Limited, Plan Bee Social Enterprise) တို့ပဲ ဖြစ်ပါတယ်။


In-Person Training Date: 29th Sept to 3rd October 2025

Time: 8:30 AM to 5:00 PM

Place: Institut Français de Birmanie (IFB) Conference Room


လုပ်ငန်းကို ဦးဆောင်နေတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်များကို အဘက်ဘက်ကနေ ပံ့ပိုးကူညီပေးနိုင်မယ့် အခြားသော Program များကိုလည်း ဖန်တီးပေးနိုင်ဖို့ အစဉ်အမြဲ ကြိုးပမ်းလျက် ရှိပါတယ်။


#MYANWEN

bottom of page