top of page
MYANWEN Logo.png

အများပြည်သူ အခမဲ့ လာရောက်ဖတ်ရှုနိုင်မည့် Knowledge Center

September 16, 2025

Myanmar Women Entrepreneurs Network (MYANWEN) နှင့် KBZ Center Mandalay တို့ ပူးပေါင်းပြီး အများပြည်သူ အခမဲ့ လာရောက်ဖတ်ရှု အသုံးပြုနိုင်မည့် “Knowledge Center” အား KBZ Center Mandalay ၌ စက်တင်ဘာလ (၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့ပါသည်။


အဆိုပါ Knowledge Center အား KBZ Center Mandalay သို့ လာရောက်ကာ ဆေးကုသမှု ခံယူနေသူများ၊ တာဝန်ထမ်းဆောင်နေသော စေတနာ့ဝန်ထမ်းများအပြင် အခြားဆက်စပ်နေသော အကျိုးတူ ပူးပေါင်းဆောင်ရွက် နေသူများပါမကျန် အများပြည်သူများအားလုံး အချိန်ကို အကျိုးရှိစွာ အသုံးပြုနိုင်စေဖို့ ရည်ရွယ်ပြီး ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါသည်။


အားလပ်ချိန်နှင့် နားနေချိန်များတွင် ဖတ်ရှုနိုင်စေရန် သုတရသစာပေ အမျိုးမျိုးအပြင် အတွေးအမြင် ဗဟုသုတ နိုင်ငံတကာ စာပေများကိုပါ ထားရှိပေးထားပါသည်။


ဖတ်ရှုလိုသူများ အနေဖြင့် Knowledge Center တွင် အသင်းဝင်စာရင်းကို အခမဲ့ ပြုလုပ်ပြီး တစ်ပတ်လျှင် သုံးအုပ်အထိ ငှားရမ်း ဖတ်ရှုနိုင်ပါသည်။

အသင်းဝင်ရန် အသေးစိတ် သိရှိလိုပါက စင်တာ၏ Call Center ဖုန်း (၀၉ ၉၄၁ ၆၀၀ ၉၉၉) သိုမဟုတ် Ooredoo ဖုန်းကိုင်ဆောင်သူများအတွက် Short Code ၁၀၁၀ သို ဆက်သွယ်ကာ အသေးစိတ် စုံစမ်းမေးမြန်း နိုင်ပါသည်။



#MYANWEN

#KBZCenterMandalay #Earthquakereliefefforts

bottom of page