top of page
MYANWEN Logo.png

လက်ရက်ကန်းဒီဇိုင်း တီထွင် ဆန်းသစ်မှုနည်းပညာ သင်တန်း

December 1, 2025

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) နှင့် သုဇာတာ ဖောင်ဒေးရှင်းတို့က ပူးပေါင်း ပံ့ပိုးပြီး ရက်ကန်းနှင့်အထည်အလိပ် လုပ်ငန်းရှင်များအသင်း နှင့် ဇောင်ဒါးရက်ကန်း သိပ္ပံကျောင်းမှ ပါဝင် စီစဉ် သင်ကြားပြသပေးမည့် လက်ရက်ကန်းဒီဇိုင်း တီထွင် ဆန်းသစ်မှုနည်းပညာ သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနား ကို ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် (၇၃) လမ်း နှင့် (၁၁၀) လမ်းထောင့် (မနော်ဟရီလမ်း) ချမ်းမြသာစည်မြို့နယ် မန္တလေး မြို့ရှိ KBZ Center ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) ၏ တာဝန်ရှိသူများ ၊ ဇောင်းဒါး ရက်ကန်းသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင် ဝင်းကြည်၊ မန္တလေး ရက်ကန်းလုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါ်မြင့်မြင့်သန်းတို့ နှင့် KBZ center မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းသူများ နှင့်ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ပါသည်။


သင်တန်းကာလမှာ ရက်သတ္တတ် ၆ ပတ် ကြာမြင့်မည်ဖြစ်ပြီး ရက်ကန်း လက်မှုအတတ်ပညာ အခြေခံရှိထားပြီးသူများအတွက်

လက်ရက်ကန်း ဒီဇိုင်း တီထွင်ရက်လုပ်ခြင်း ဆိုင်ရာ ပညာရပ်ကို လက်တွေ့ သင်ယူစေပြီး ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများကိုပါ ပေးအပ်မည့် သင်တန်းဖြစ်ပါသည်။



bottom of page