မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) နှင့် သုဇာတာ ဖောင်ဒေးရှင်းတို့က ပူးပေါင်း ပံ့ပိုးပြီး ရက်ကန်းနှင့်အထည်အလိပ် လုပ်ငန်းရှင်များအသင်း နှင့် ဇောင်ဒါးရက်ကန်း သိပ္ပံကျောင်းမှ ပါဝင် စီစဉ် သင်ကြားပြသပေးမည့် လက်ရက်ကန်းဒီဇိုင်း တီထွင် ဆန်းသစ်မှုနည်းပညာ သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနား ကို ၂၀၂၅ ခုနှစ် ၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် (၇၃) လမ်း နှင ့် (၁၁၀) လမ်းထောင့် (မနော်ဟရီလမ်း) ချမ်းမြသာစည်မြို့နယ် မန္တလေး မြို့ရှိ KBZ Center ၌ ပြုလုပ်ကျင်းပခဲ့ပါသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားကို မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN) ၏ တာဝန်ရှိသူများ ၊ ဇောင်းဒါး ရက်ကန်းသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဒေါ်ခင် ဝင်းကြည်၊ မန္တလေး ရက်ကန်းလုပ်ငန်းရှင်များအသင်းဥက္ကဌ ဒေါ်မြင့်မြင့်သန်းတို့ နှင့် KBZ center မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်းသူများ နှင့်ဖိတ်ကြားထားသော ဧည့်သည်များတက်ရောက်ခဲ့ပါသည်။
သင်တန်းကာလမှာ ရက်သတ္တတ် ၆ ပတ် ကြာမြင့်မည်ဖြစ်ပြီး ရက်ကန်း လက်မှုအတတ်ပညာ အခြေခံရှိထားပြီးသူများအတွက်
လက်ရက်ကန် း ဒီဇိုင်း တီထွင်ရက်လုပ်ခြင်း ဆိုင်ရာ ပညာရပ်ကို လက်တွေ့ သင်ယူစေပြီး ရက်ကန်းစင်နှင့် ဆက်စပ်ပစ္စည်းများကိုပါ ပေးအပ်မည့် သင်တန်းဖြစ်ပါသည်။




























