top of page
MYANWEN Logo.png

လက်ရက်ကန်းဒီဇိုင်း တီထွင် ဆန်းသစ်မှုနည်းပညာ

March 23, 2026

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် သုဇာတာ ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ဆောင်းဒါး ရက်ကန်းနှင့် အသက် မွေးပညာသိပ္ပံ ကျောင်းမှ ဆရာမများ၊ အထည် အလိပ် ရက်ကန်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါ်မြင့်မြင့်သန်း တို့ ၏လမ်းညွှန်ပြသမှုဖြင့် ဖွင့်လှစ်သင်ကြား ပေးခဲ့သော “လက်ရက်ကန်းဒီဇိုင်း တီထွင် ဆန်းသစ်မှုနည်းပညာ” သင်တန်းဆင်းပွဲအခမ်းအနား

**************************************


မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် သုဇာတာ ဖောင်ဒေးရှင်းတို့ ပူးပေါင်းပြီး ဆောင်းဒါး ရက်ကန်းနှင့် အသက် မွေးပညာသိပ္ပံ ကျောင်းမှ ဆရာမများ၊ အထည် အလိပ် ရက်ကန်း လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဒေါ်မြင့်မြင့်သန်း တို့ ၏လမ်းညွှန်ပြသမှုဖြင့် ဖွင့်လှစ်သင်ကြား ပေးခဲ့သော “လက်ရက်ကန်းဒီဇိုင်း တီထွင် ဆန်းသစ်မှုနည်းပညာ” သင်တန်းဆင်းပွဲ အခမ်းအနားကို (၇၃) လမ်းနှင့် (၁၁၀) လမ်းထောင့် မနော်ဟရီလမ်း ၊ ချမ်းမြေ့သာစည် မြို့နယ် ရှိ KBZ Center , Mandalay တွင် ၂၀၂၆ ခုနှစ်၊ မတ်လ ( ၂၀)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံ ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ခင်ဝင်းကြည် နှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ဒုက္ကဌ ဒေါ်ယဉ်ယဉ်အေးတို့မှ အမှာစကားများပြောကြားပြီးနောက် သင်တန်းတက် ရောက်ခဲ့သည့် သင်တန်းသူများအား သင်တန်းဆင်းအောင် လက်မှတ်နှင့် အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပါသည်။

သင်တန်းသူများထဲမှ ထူးချွန်သော သင်တန်းသူ (၅) ဦးကိုလည်း ရက်ကန်းစင် တစင် ဆီ ဆုချီးမြှင့်ခဲ့ပြီး

သင်တန်းသူ များထဲမှ မခင်ရတနာထွေးမှ သင်တန်းတက် ရောက်ရသည့် အတွက် အကျိုးကျေးဇူးများ ရှိကြောင်းနှင့် တက်ရောက်ခွင့်ရသည့် အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်၏ ဒုတိယ ဥက္ကဌ ဒေါ်လင်းလင်းတင် ထွန်းမှ ကျေးဇူးတင် စကားပြောကြားပြီး အခမ်းအနားကိုအောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။



bottom of page