top of page
MYANWEN Logo.png

ရိုးရာခေတ်ဆန်း ရှေ့သို့လှမ်း ယဉ်ကျေးလှပ မေမြန်မာအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ

June 23, 2026

🌸 မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော “ရိုးရာခေတ်ဆန်း ရှေ့သို့လှမ်း ယဉ်ကျေးလှပ မေမြန်မာအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ” တွင် MYANWEN မှ ပါဝင်ပြသခြင်း 🌸

၂၀၂၆ ခုနှစ် ဇွန်လ (၂၀) ရက်နေ့တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီး အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော “ရိုးရာခေတ်ဆန်း ရှေ့သို့လှမ်း ယဉ်ကျေးလှပ မေမြန်မာအလှ ဝတ်စားဆင်ယင်ထုံးဖွဲ့မှုပြပွဲ” တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) မှ ဂုဏ်ယူစွာ ပါဝင်ခင်းကျင်းပြသခဲ့ပါသည်။

ပြပွဲအတွင်း MYANWEN အဖွဲ့ဝင် MSME လုပ်ငန်းရှင်များ၏ အရည်အသွေးမြင့် ပြည်တွင်းထုတ် စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ သဘာဝဆိုးဆေးချည်ထည် များနှင့် သဘာဝအတိုင်း ပုံဖော်ထုတ်လုပ်ထားသော Eco Print အိတ်များကို ပြသခဲ့ပြီး မြန်မာ့ထုတ်ကုန်များ၏ အရည်အသွေးနှင့် ဖန်တီးမှုစွမ်းရည်များကို ထင်ဟပ်ပြသနိုင်ခဲ့ပါသည်။

ထို့အပြင် “ရိုးရာခေတ်ဆန်း ရှေ့သို့လှမ်း ယဉ်ကျေးလှပ မေမြန်မာ အလှ ဝတ်စားဆင်ယင် ထုံးဖွဲ့မှု ပြပွဲ” တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် - MYANWEN မှ အလှူငွေ ကျပ်သိန်း (၁၀၀) ကို လှူဒါန်းခဲ့ပါသည်။

မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်များနှင့် အမျိုးသမီးတို့၏ အလှတရားများကို ဂုဏ်ပြုဖော်ထုတ်သည့် ယခုကဲ့သို့သော အခမ်းအနားများတွင် ပါဝင်ခွင့်ရခြင်းအတွက် MYANWEN အနေဖြင့် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

MYANWEN သည် MSME ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းထုတ်ကုန်များ၏ ဈေးကွက်ချဲ့ထွင်ရေးနှင့် မြန်မာ့ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ရေးတို့အတွက် ဆက်လက်ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး၊ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် MSME လုပ်ငန်းများ၏ ရေရှည်တိုးတက်မှုအတွက် အစဉ်ကြိုးပမ်းလျက်ရှိပါသည်။

✨ Support Local Products | Empower Women Entrepreneurs | Grow MSMEs Together ✨


bottom of page