top of page
MYANWEN Logo.png

မြန်မာ-ချုံချင့် စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲ

September 18, 2025

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ ချုံချင့်တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ - CCPIT ရုံးတွင် ပြုလုပ်သည့် မြန်မာ-ချုံချင့် စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲသို့ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှတက်ရောက်ခဲ့ခြင်း

=============================


တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့ရှိ ချုံချင့်တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ - CCPIT ရုံး၌ ၁၈-၉-၂၀၂၅ ရက် နေ့ တွင် မြန်မာ-ချုံချင့် စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲကို မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် အတူ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) မှ ဥက္ကဋ္ဌ ဒေါက်တာ စုလှဟန် နှင့် ကိုယ်စားလှယ် အဖွဲ့ဝင် (၂၀) ဦး ၊ တရုတ်ဘက်မှ ချုံချင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ Mr. Yang Xuchao နှင့် တာဝန်ရှိသူများ၊ ချုံချင့်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ စီးပွားရေး အသင်းအဖွဲ့များ၊ မြန်မာနိုင်ငံ နှင့် စီးပွားရေးပူးပေါင်းလိုသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ စီးပွားရေးမိတ်ဖက်တွေ့ဆုံပွဲတွင် ချုံချင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ Mr. Yang Xuchao ၊ ကောင်စစ်ဝန်ချုပ် ဦးကျော်ဇေယျာလင်းနှင့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်မှ ဥက္ကဋ္ဌ ဒေါက်တာစုလှဟန် တို့မှ အဖွင့်အမှာစကားအသီးသီးပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသည့် မြန်မာနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်များမှ အချင်းချင်းမိတ်ဆက်တွေ့ဆုံခဲ့ကြပြီး စီးပွားရေးဆိုင်ရာ ဖလှယ်မှုများ ဆောင်ရွက်ခဲ့ကြပါသည်။



bottom of page