တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့ ရှိ World Financial Center (WFC) ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၊ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနနှင့် ချုံချင့် တရုတ်အပြည် ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီတို့မှ ပူးပေါင်းပြီး မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားသည့် မြန်မာ့ MSME ထုတ်ကုန်ပြပွဲ ကျင်းပပြုလုပ်ခြင်း
=============================
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ချုံချင့်မြို့ ရှိ World Financial Center (WFC) တွင် ၁၈.၉.၂ ၀၂၅ ရက်နေ့၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ချုံချင့်မြို့၊ မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN)၊ ယွီကျုံးခရိုင် နိုင်ငံခြားရေးဌာနနှင့် ချုံချင့် တရုတ်အပြည် ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးကောင်စီတို့မှ ပူးပေါင်းပြီး မြန်မာ့ MSME ထုတ်ကုန်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ မြန်မာ့ MSME ထုတ်ကုန်ပြပွဲတွင် မြန်မာနိုင်ငံတွင် ထုတ်လုပ်ထားသည့် အရည်အသွေးမြင့် မြန်မာ့စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့် မြန်မာ့လက်မှုထုတ်ကုန်များကို ခင်းကျင်းပြသခဲ့ပြီး ချုံချင့် မြူနီစီပယ်အစိုးရဌာနများမှ တာဝန်ရှိသူများ၊ ချုံချင့်မြို့အခြေစိုက် ကောင်စစ်ဝန် ချုပ်ရုံးများမှ ကောင်စစ်ဝန်ချုပ်များနှင့် ကိုယ်စားလှယ်များ၊ စီးပွားရေးအသင်း အဖွဲ့များမှ ကိုယ်စ ားလှယ်များနှင့် အခြားစိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြပါသည်။




























