၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့ တွင် မြန်မာအမျိုးသမီး ဦးဆောင်သော အသေးစား အငယ်စား အလတ်စား လုပ်ငန်းများ နှင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်များအားလုံးအတွက် လိုအပ်သော အထောက်အကူကောင်းများ အခွင့်အလမ်းကောင်းများ ပိုမိုအားကောင်းလာစေပြီး ရေရှည်တည်တံ့ခိုင်မြဲသောလုပ်ငန်းများ ဖြစ်လာစေရန်အတွက် ရည်ရွယ်ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) န ှင့် မြန်မာနိုင်ငံအတွင်းရှိ International Chamber များဖြစ်သော
1️⃣ Myanmar Hong Kong Chamber of Commerce & Industry
2️⃣ British Chamber of Commerce Myanmar
3️⃣ French Myanmar Chamber of Commerce & Industry
4️⃣ Malaysian Myanmar Business Chamber
5️⃣ Thai Business Association of Myanmar
6️⃣ Singapore Association of Myanmar အသီးသီး တို့နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါသည်။
ဤပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ကွန်ယက်ချိတ်ဆက်မှူများဖြင့် အတွေ့အကြုံများကို မျှဝေပြီး အမျိုးသမီး စွန့်ဦးတီထွင်လုပ်ငန်းရှင်များအား အာ းပေးမြှင့်တင်နိုင်ခြင်း၊ ကုန်သည်အသင်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေခြင်းနှင့် မြန်မာနိုင်ငံ၏ စီးပွားရေး ပတ်ဝန်းကျင်ကို ပိုမို တက်ကြွစွာ ပါဝင်ပြီးအထောက်အကူပြုနိုင်စေရန်အတွက် ရည်ရွယ်ပါသည်။
ယခုလို ပူးပေါင်းခြင်းမှ အစပြုပြီး မြန်မာနိုင် ငံ တွင်းရှိ အသေးစား အငယ်စားအလတ်စား စီးပွားရေးလုပ်ငန်းရှင်များအတွက် နောင်အနာဂတ်တွင် ပေါ်ထွန်းလာမည့် အခွင့်အလမ်းများ၊ အကျိုးသက်ရောက်မှုများနှင့် တိုးတက်မှုများကို ရရှိစေရန် မျှော်လင့်လျက်ရှိပါသည်။
အခမ်းအနားတွင် ပါဝင်တက်ရောက်ပေးခဲ့ကြသော နိုင်ငံတကာကုန်သည်အသင်းမှ လူကြီးမင်းများ၊ ဂုဏ်သရေရှိ ဧည့်သည်မျာ း၊မြန်မာစီးပွါးရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် (MYANWEN) မှအလုပ်အမှူဆောင်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။




























































































