top of page
MYANWEN Logo.png

မဲခေါင်-ဂင်္ဂါ၊ အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော်

February 23, 2025

မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) နှင့် Indian Women’s Association of Yangon တို့ ပူးပေါင်းကျင်းပမည့် “မဲခေါင်-ဂင်္ဂါ၊ အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော်” အောင်မြင်စွာ ကျင်းပခဲ့ခြင်း။

================================

မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက်သည် Indian Women’s Association of Yangonနှင့် ပူးပေါင်း၍ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ၏ ဒေသအလိုက် ရိုးရာအစားအသောက်များကို လူအများသိရှိလာစေရန်၊ နှစ်နိုင်ငံအကြား ယဉ်ကျေးမှုများ ဖလှယ်၍ ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာအားကောင်းလာ စေရန်၊ ပြည်တွင်းအသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ “မဲခေါင်-ဂင်္ဂါ၊ အိန္ဒိယ-မြန်မာ အစားအစာ ယဉ်ကျေးမှုပွဲတော်” ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက် (တနင်္ဂနွေနေ့) တွင် ဝန်ကြီးများရုံး၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။



bottom of page