မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) နှင့် ပြင်သစ်မြန်မာကုန်သည်ကြီးများအသင်း - CCI France Myanmar တို့မှ ပူးပေါင်းကာ AYA Bank နှင့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထားသည့် “ပြင်သစ်-မြန်မာ ယဉ်ကျေးမှုးဈေးပွဲတော်” အောင်မြင်စွာ ကျင်းပခဲ့ခြင်း။
=======================
မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် - Myanmar Women Entrepreneurs Network (MYANWEN) နှင့် ပြင်သစ်မြန်မာကုန်သည်ကြီးများအသင်း - CCI France Myanmar တို့မှ ပူးပေါင်းကာ AYA Bank နှင့် AYA Pay မှ အဓိက ပံ့ပိုးကူညီပေးထားသည့် “ပြင်သစ်-မြန်မာ ယဉ်ကျေးမှုးဈေးပွဲတော်”ကို ဖေဖော်ဝါရီလ (၁၆) နေ့တွင် ပြင်သစ်ယဉ်ကျေးမှု ဌာန၌ ပြင်သစ် - မြန်မာ ခေါက်မုန့်ကောင်တာများ၊ ပြည်တွင်း ပြည်ပထုတ်ကုန်ပစ္စည်း ပြခန်းများဖြင့် အောင်မြင်စွာကျင်းပပြုလုပ်ကာ ဧည့်ပရိသတ်ပေါင်း ၄၀၀ ကျော် ပါဝင်ဆင်နွှဲခဲ့ကြပါသည်။
ထို့အတူ “ပြင်သစ်-မြန်မာ ယဉ်ကျေးမှုးဈေးပွဲတော်”အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပါဝင်ကူညီပံ့ပိုးပေးခဲ့ကြတဲ့ Main Sponsor - AYA Pay ၊ Cultural Harmony Sponsors များဖြစ်ကြသော Rohto-Mentholatum Myanmar နှင့် Royal Myanmar Teamix ၊ Marketplace partners များဖြစ ်သည့် Cellar 18 Myanmar နှင့် Filorga Myanmar ၊ safety partner, EXERA Myanmar၊ ပွဲအခမ်းအနားပြင်ဆင်မှုများအတွက် ကူညီပေးပါသော ပြင်သစ်ယဉ်ကျေးမှု ဌာန၊ ကားပါကင်နေရာများ စီစဉ်ပေးပါသော Jasmine Palace Hotel နှင့်အတူ ပါဝင်ပေးကြသော vendor များ၊ အချိန်ပေးလာရောက်ဆင်နွှဲခဲ့ကြသော ဧည့်ပရိသတ်များအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။




















