top of page
MYANWEN Logo.png

ညောင်ကုန်းကျေးရွာ စာကြည့်တိုက် အလှု

April 25, 2026

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ရက် (Myanmar Women Entrepreneurs Network - MYANWEN) သည် KBZ Foundation နှင့် ပူးပေါင်းပြီး ၂၀၂၆ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် ရှမ်းပြည်နယ် ကလောမြို့နယ်၊ ရွှေမင်းဖုန်းကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာရှိ မူလတန်းကျောင်းသား/သူများနှင့် အများပြည်သူများအတွက် စာကြည့်တိုက်အသုံးပြုနိုင်ရန် ရည်ရွယ်၍—

📚 သုတ၊ ရသ စာအုပ်မျိုးစုံ (၃၄၄) အုပ်

🪑 စားပွဲခုံငယ် (၅) လုံး

🛏️ ခေါင်းဦး (၅) လုံး

🍲 စတီးဇလုံများ

တို့ကို ရှမ်းတောင်ပရဟိတညီနောင်များကွန်ရက်မှတဆင့် ပေးအပ်လှူဒါန်းခဲ့ပါသည်။

ကျေးလက်နှင့် အလှမ်းဝေးသောဒေသများရှိ ကလေးများအတွက် စာကြည့်တိုက်များသည် ပညာရေးအခွင့်အလမ်းများကို ပိုမိုကျယ်ပြန့်စေပြီး၊ စာအုပ်များမှတဆင့် ဗဟုသုတတိုးပွားလာစေပါသည်။


ထို့အပြင် ကလေးများ၏ အနာဂတ်ကို ပိုမိုတောက်ပစေကာ လူမှုအသိုင်းအဝိုင်းတစ်ခုလုံး၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါသည်။



bottom of page