၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် (MYANWEN) တို့ ပူးပေါင်းစီစဉ်ကျင်းပသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ အခမ်းအနားကို Myanmar Convention Center (MCC)၊ မင်းဓမ္မလမ်း၊ မရမ်းကုန်းမြို့ နယ်တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာ အဖွဲ့ ဥက္ကဌ၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၏ ဇနီး ဒေါ်နှင်းဇာခြည်ဦးမှ အမှာစကားပြောကြားပြီး မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဥက္ကဌ ဒေါက်တာစုလှဟန်မှလည်း ကြိုဆို နှုတ်ဆက်စကား ပြောကြားခဲ့ပါသည်။
ထို့နောက်မှာတော့ အမျိုးသမီးစွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် (၅) ဦးမှ မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများ၏ လက်တွေ့ဘဝ အောင်မြင်မှုအတွေ့အကြုံ ဆွေးနွေးမျှဝေမှု ခေါင်းစဉ်ဖြင့် အသိပညာများ မျှဝေဆွေးနွေးပေးခဲ့ပါသည်။
ဆွေးနွေးပေးခဲ့သော လုပ်ငန်းရှင်များမှာ
၁။ ဒေါ်ထူးသန့်စင်
(တည်ထောင်သူနှင့် စီမံခန့်ခွဲမှု ဒါရိုက်တာ - Bay Dar & Co)
၂။ ဒေါ်အေးစုစုလှိုင်
(တည်ထောင်သူ - အောင်တော်ဝင်ကျန်းမာရေး အထောက်အကူပြု စားသောက်ကုန်နှင့် လူသုံးကုန်များ ထုတ်လုပ်ဖြန့်ချိရေး)
၃။ ဒေါ်အိနှင်းဖြူ
(တည်ထောင်သူနှင့် ဖန်တီးမှုဒါရိုက်တာ - Diary Queen Products)
၄။ ဒေါ်တင်ယုနွယ်
(ပူးတွဲတည်ထောင်သူ - Shwe Taung Nyo Gyi Co., Ltd)
၅။ ဒေါ်အိအိဖြိုးဇော်
(တည်ထောင်သူ နှင့် စီမံခန့်ခွဲမှု ဒါရိုက်တာ - ဆွေကြီးမျိုးကြီး စားသောက်ကုန်လုပ်ငန်း) တို့ဖြစ်ပါတယ်။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် အလုပ်အကိုင်အခွင့်အလမ်းများဆိုင်ရာ အသိပညာ ပေးဟောပြောပွဲကို ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ချုပ်နဲ့ ပူးပေါင်းပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ ကျေးလက်ဒေသများရှိ အမျိုးသမီးတွေအနေနဲ့ ကိုယ်ပိုင် စီးပွားရေးကို စတင်လုပ်ကိုင်လာနိုင်စေပြီး အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိလာစေရန် ဖြစ်ပါသည်။
ဟောပြောပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စံပြကျေ းရွာ (၁၈) ရွာမှ အမျိုးသမီးများတက်ရောက်ခဲ့ကြပြီး ဆွေးနွေးဟောပြောသွားသည့်အကြောင်းအရာများမှ သိလိုသည်များကို စိတ်ဝင်တစား မေးမြန်းခဲ့ကြပါသည်။ ထိုအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိအသေးစား ၊ အငယ်စား အလတ်စား လုပ်ငန်းရှင်များ၏ ပြည်တွင်းအဆင့်မြင့် ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။
ယခုကဲ့သို့သော ဟောပြောပွဲ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်အောင် ပူးပေါင်း ကူညီဆောင်ရွက်ခွင့်ပေးပါသော ရန်ကုန်တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ကို မြန်မာစီးပွားရေး လုပ်ငန်းရှင်အမျိုးသမီးများ ကွန်ယက် (MYANWEN) မှ အထူးကျေးဇူးတင်ရှိပါသည်။














































































































































