Micro grant ရရှိနိုင်မယ့် “Accelerating Women Entrepreneurs for Success” Program ပထမနေ့
မြန်မာ စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) အနေနဲ့ ဒေသတွင်း စီးပွါးရေး လုပ်ငန်းများကို ခေတ်နဲ့အပြိုင် တိုးတက်စေဖို့ အမျိုးသမီး လုပ်ငန်းရှင်များအတွက် ရည်ရွယ်စီစဉ်ထားပေးတဲ့ 3 လတာ ကြာမြင့်မယ့် “Accelerating Women Entrepreneurs For Success” Program ရဲ့ In-Person Session ကို ဒီနေ့ (29th Sept 2025) မှာ စတင်ခဲ့ပါတယ်။
Welcome Remarks အနေနဲ့ Mr.Hegedus Bela (Head of French Cooperation and Director of the Institut Français de Birmanie (IFB)) မှ ပြောကြားခဲ့ပြီး Opening Remarks အနေနဲ့ကတော့ Dr.Su Hla Han (President, Myanmar Women Entrepreneurs Network) မှ ပြောကြားပေးခဲ့ပါတယ်။
ပထမနေ့ရဲ့ Special Guest Speaker အနေနဲ့ ဆရာကြီး Professor Dr.Aung Tun Thet မှ Leader တွေမှာ ရှိသင့်ရှိထိုက်တဲ့ အကြောင်းအရာများကို ဟောပြောဆွေးနွေးပေးခဲ့တာ ဖြစ်ပါတယ်။
အမျိုးသမီး စွန့်ဦးတီထွင်တစ်ယောက်အနေနဲ့ Entrepreneurial Mindset အတွက် Dr.Su Hla Han (President, Myanmar Women Entrepreneurs Network)
မိမိတို့ Business ရဲ့ Growth Strategy ဆိုင်ရာများအတွက် Daw Win Lae Mya Yee San (Founder & CEO, The Inspiration) မှ မျှဝေပေးခဲ့ပါတယ်။
ဒီ Program လေးကတော့ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ အမျိုးသမီး စွန့်ဦးတီထွင် စီးပွါးရေးလုပ်ငန်းရှင်များအတွက် မဖြစ်မနေလိုအပ်လာတဲ့ Skill Sets တွေကို လက်တွေ့ကျကျ လေ့လာနိုင်အောင် ပံ့ပိုးစီစဉ်ပေးထားတာ ဖြစ်ပါတယ်ရှင်။




































