top of page
MYANWEN Logo.png

ASEAN Business Award 2024 ဆုရရှိခဲ့ကြသည့် MYANWEN ၏ အသင်းဝင်နှစ်ဦးဖြစ်သည့် မမေနှင်းဝေ နှင့် မထူးသန့်စင် တို့အား အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုခြင်း

Updated: Aug 13



အာဆီယံ စီးပွားရေးထူးချွန်ဆု (ASEAN Business Award 2024) ဆုရရှိခဲ့ကြသည့် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် - MYANWEN ၏ အသင်းဝင်နှစ်ဦးဖြစ်သည့် မမေနှင်းဝေ (Co Founder & Managing Director- Healthy & Happy Myanmar Co., Ltd)နှင့် မထူးသန့်စင် (Managing Director-Bay Dar & Co, Principal HR Consultant, Panellist Business Services) တို့အား အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုခြင်း


အာဆီယံ စီးပွားရေးထူးချွန်ဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့တွင် Vientiane, Lao PDR ရှိ Don Chan Palace Hotel တွင် ကျင်းပခဲ့ရာ MYANWEN အသင်းဝင် (၂) ဦးဖြစ်ကြသည့်

 မမေနှင်းဝေ (Co Founder & Managing Director- Healthy & Happy Myanmar Co., Ltd) သည် Priority Integration Sector (PIS) တွင် Food and Beverages (SME) ဆု

 မထူးသန့်စင် (Managing Director-Bay Dar & Co, Principal HR Consultant, Panellist Business Services)သည် ASEAN Business Award 2024 ၏ Special Awards Category တွင် Skill Development ဆုများကို ထိုက်တန်စွာ ရရှိခဲ့ကြသည့် အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။

 အာဆီယံ စီးပွားရေးထူးချွန်ဆုသည် ကမ္ဘာ့အသိအမှတ်ပြဆုဖြစ်ပြီး၊ ဆုရရှိသူများအနေဖြင့် ပြည်ပနိုင်ငံများနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အခွင့်အလမ်းများရရှိခြင်း၊ ဒေသတွင်း ချိတ်ဆက်မှုများနှင့် အလားအလာရှိသော ပူးပေါင်းဆောင်ရွက်မှုများ ရှာဖွေနိုင်ခြင်း၊ ကွန်ယက်ချဲ့ထွင်နိုင်ခြင်းနှင့် ကုန်အမှတ်တံဆိပ်ကို မြှင့်တင်ရန် အခွင့်အလမ်းများရရှိခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ယခုရရှိသည့် ထူးချွန်ဆုသည် အာဆီယံအသိုက်အဝန်းရှိ အခြားသူများကိုလည်း ကြိုးပမ်းရန် လှုံ့ဆော် ပေးသကဲ့သို့ဆက်လက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်မှုများရရှိပါ စေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Comments


bottom of page