Myanmar Women Entrepreneurs Networkသည် ကွန်ပျူတာများပံ့ပိုးပေးခြင်း

၂၆ ၊ ဇူလိုင် လ ၊ ၂၀၂၀

မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် MYANWEN မှ Computer ၁၀ စုံကို ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့ သီတဂူ ကျောင်းတိုက်ရှိ ဝိသာခါအမျိုးသမီး အသက်မွေးဝမ်းကျောင်း ပရဟိတပညာသင်ကျောင်းသို့ ပံ့ပိုးပေးအပ်ခဲ့ခြင်း

၂၆.၇.၂၀၂၀ နေ့ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့တွင် သီတဂူ ကျောင်းတိုက်ရှိ ဝိသာခါအမျိုးသမီး အသက်မွေးဝမ်းကျောင်း ပရဟိတပညာသင်ကျောင်းဆောင်ကို Covid -19 ကာလအတွင်း မှာ ဝိသာခါဖောင်ဒေးရှင်းမှ အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် MYANWEN မှ သိန်း ၅,၇၄၀,၀၀၀ တန်ဖိုးရှိ Computer ၁၀ စုံကို ပူးပေါင်း၍ ပံ့ပိုးပေးခဲ့ပါသည်။ ဒေသတဝိုက်မှာရှိတဲ့ အမျိုးသမီးများရဲ့ဘဝလုံခြုံမှူရရှိစေရန် နှင့် ၎င်းတို့ရဲ့မိသားစုများရဲ့ လူမှူစီးပွားဘဝများ အဆင်ပြေစေရန် အတွက် အမှန်တကယ် လ်ုအပ်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ မှတဆင့် အလုပ်အကိုင်တွေရရှိရန် လိုအပ်တဲ့ကျွမ်းကျင်မှုအရည်အသွေး (Skills)များတွင် ဒီဂျစ်တယ်အသိပညာသည် အရေးပါသော အရည်အသွေးတခုဖြစ်သည့်အတွက် အသက်မွေးဝမ်းကျောင်းပညာရေးမှ အလုပ်ခွင်ထဲဝင်ရောက်ရန် အဆင်သင့်ဖြစ်ရန် ပြင်ဆင်ပေး ခြင်းကို MYANWEN မှ ဝမ်းမြောက်စွာ ပံ့ပိုးပေးခဲ့ပါသည်။
(In support for Access to Workforce readiness and Access to Decent Jobs.)
မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် နှင့် ဝိသာခါဖောင်ဒေးရှင်းတို့ ၁၆.၇.၂၀၂၀ ရက်နေ့တွင် ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာအရ တူညီသော ရည်ရွယ်ချက်များကို ကွန်ယက်ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြင့် အမျိုးသမီးများ၏ လူမှူစီးပွား ဖွံ့ဖြိုးတိုးတက်စေရန် ပံ့ပိုးဆောင်ရွက်နိုင်သည့် ရလဒ်တခုဖြစ်ပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်