Business Institute Yangon

BIY သည် 2012 ခုနှစ်တွင်စတင်တည်ထောင်ခဲ့သောစီးပွားရေးသင်တန်းကျောင်းဖြစ်သည်။ BIY ကို ဝါသနာ ၊ စေတနာအရင်းခံ၍ တည်ထောင်သူမှာ Dr. Aye Aye Mar ဖြစ်ပြီး သူမသည် ABE (UK) မှ ချီးမြှင့်သည့် ကမ္ဘာ့ပထမ အမှတ်အများဆုံးဆုကို 2000 ခုနှစ်က ရရှိခဲ့သူဖြစ်ပါသည်။ BIY သည် ယူကေ၊ ပြင်သစ်၊ ဆွစ်ဇလန် ရှိ ၊ပညာရေးအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ နိုင်ငံတကာအဆင့်မီ အရည်အသွေးပြည့်ဝသော စီးပွားရေး ၊ဘဏ္ဍာရေး နှင့်ပတ်သက်သည့်ပညာရပ်များကို သင်ကြားဖြန့်ဝေပေးလျက်ရှိပါသည် ။

BIY မှ Business Management, Project Management, Marketing, HR, Finance စသောစီးပွားရေးပညာရပ်များနှင့် English စာသင်တန်းများကို ဘွဲ့ရပြီးသောသူများ ၊ ဘွဲ့မရသေးသောသူများအတွက် Level အလိုက် In Person Class & Online ဖြင့် လေ့ကျင့်သင်ကြားပေးလျက်ရှိပါသည်။

တိုးတက်လာသော မြန်မာ့လူမှု အဖွဲ့အစည်းတွင် အမျိုးသမီးများ၏ အခန်းကဏ္ဍမှာလည်း အရေးပါလာသည်နှင့်အမျှ စီးပွားရေး ၊လူမှုရေးအရာရာတွင် ထူးချွန်ထက်မြက်သော စွန့်ဦးတီထွင်မြန်မာအမျိုးသမီးများ ၊ အိမ်ရှင်မများလည်း ပေါ်ထွန်းလျက်ရှိပါသည်။ ၎င်းတို့၏အရည်အသွေးပိုမိုတောက်ပစေရန် ရည်ရွယ်၍ ပြင်သစ်နိုင်ငံ ရှိ PPA မှပေးအပ်သော MBA (Innovation & Entrepreneurship) Online သီးသန့်သင်တန်းများကိုလည်း အထူး ဖွင့်လှစ် သင်ကြားပေးလျက် ရှိပါသည်။

2012 မှစတင်၍ မြန်မာပြည်အတွက်တစ်ဦးတည်းသင်ကြားခွင့်ကို ပြင်သစ်ကျောင်းမှ တိုက်ရိုက်ရရှရရှိထားသော BIY မှ သင်ကြားလျက်ရှိသည့် ပညာရေးအစီအစဥ်များမှာ…
PPA / IPE မှပေးအပ်သော – DBA သင်တန်းကာလ (နှစ်နှစ် မှ ငါးနှစ် )

PPA / IPE မှပေးအပ်သော – DBA သင်တန်းကာလ (နှစ်နှစ် မှ ငါးနှစ် )

  • ပါရဂူဘွဲ့ (DBA) program တစ်ခုလုံးကိုပြည်ပနိုင်ငံမှ ဆရာဆရာမများ (Fly in faculty) လာရောက်ပြီး ပြင်သစ်မှ ချမှတ်ထားသော စည်းမျဥ်းများနှင့်အညီ သင်ကြားပေးပါသည်။

PPA (PARIS) မှ ပေးအပ်သော – MBA (Innovation & Entrepreneurship) (Online သီးသန့်) သင်တန်းကာလ ( တစ်နှစ်ခွဲ )

စွန့်ဦးတီထွင် မြန်မာအမျိုးသမီးများ၊ လုပ်ငန်းခွင်ဝင်နေသောသူများ၊ ကျောင်းတက်ရန်အချိန်မပေးနိုင်သော်လည်း MBA  ရလိုသူများအတွက် (Innovation & Entrepreneurship) အထူးပြု 100% Online MBA ကို နိုင်ငံခြားသားဆရာ ဆရာမများမှ English  ဘာသာဖြင့် program တစ်ခုလုံးကို သင်ကြားပေးပါသည်။ မြန်မာနိုင်ငံမည်သည့်ဒေသတွင် နေထိုင်သူဖြစ်စေ အရည်အသွေးပြည့်မီသော Online MBA ကို တက်ရောက်သင်ယူနိုင်ပါသည်။

ESGCI / PGSMမှပေးအပ်သော  – IEMBA (In Person Class) သင်တန်းကာလ  (တစ်နှစ်ခွဲ )

ESGCI / PGSM မှပေးအပ်သော – BBA သင်တန်းကာလ (သုံးနှစ်)

  • BIY တွင် သင်ကြားသော ဘွဲ့အတန်းများတွင် ပြည်တွင်းရှိ  ဆရာ / ဆရာမကြီးများသာမက နိုင်ငံခြားမှ လာရောက်သင်ကြားသောပြည်ပ ပညာရှင်များ (fly in faculty)  ဖြင့် နိုင်ငံတကာစံနှုန်းများအတိုင်း သင်ကြားလျက်ရှိပါသည်။

  • ကျောင်းပြီးသောအခါ  ပြင်သစ်နိုင်ငံတွင် ဘွဲ့တက်ရောက်ယူနိုင်ပါသည်။

ABE  – UKနိုင်ငံ Ofqual အသိအမှတ်ပြု ABE Qualification

Business Management Diploma, Marketing Management Diploma, Human Resource Management Diploma များကိုလည်း ABE accredited Center  ရရှိထားသော BIY  မှ Level အလိုက် သင်ကြားပေးလျက်ရှိပါသည်။

ABE qualifications တွေကို ကမ္ဘာအနှံ့တက္ကသိုလ်များစွာက အသိအမှတ်ပြုလက်ခံထားသောကြောင့် Level 5 or Level 6 ပြီးထားသောသူများအနေဖြင့် အဆိုပါတက္ကသိုလ်များ၏ နောက်ဆုံးနှစ် ဘွဲ့ဒီဂရီ (သို့မဟုတ် ) မဟာဘွဲ့ဒီဂရီများသို့လည်း တိုက်ရိုက်တက်ရောက်နိုင်မှာဖြစ်ပါသည်။

CIMA

ဘွဲ့ရရှိပြီးသူများအတွက် Professional အဖွဲ့အစည်းတစ်ခုတွင်တက်ရောက်လိုပါက (သို့မဟုတ် ) ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု ပညာရပ်ဖြင့်ရပ်တည်လိုပါက CIMA  ကိုတက်‌ရောက်နိုင်ပါသည်။

CIMA တွင်လည်း Level  အဆင့်ဆင့်ရှိပြီး မိမိရရှိထားသော ဘွဲ့ ၊ မဟာဘွဲ့ အပေါ်မူတည်၍ ဘာသာရပ်အလိုက် ကင်းလွှတ်ခွင့်လျှောက်ထားနိုင်ပါသည်။

OTHM

တက္ကသိုလ်ဝင်တန်းမအောင်မြင်သော်လည်း စီးပွားရေးကိုစိတ်ဝင်စားသည့် လူငယ်များအတွက်UK (Ofqual) အသိအမှတ်ပြု OTHM Level 3 (Diploma in Business Management) ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများအတွက် OTHM Level 4 (Diploma in Business Management) ကိုလည်း တက်ရောက်နိုင်ပါသည်။ထိုမှတစ်ဆင့် BBA, MBA  မဟာဘွဲ့အထိ အဆင့်ဆင့်တက်ရောက်သင်ကြားနိုင်ပါသည်။

English Course – Academic English, Business English Online CLass များလည်း ဖွင့်လှစ်ပေးလျက်ရှိပါသည်။

Contact Information

Email : info@biyedu.com

Ph : +959 443223999, + 959443223777