မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN)နှင့် Venue partner အဖြစ် Junction City တို့မှအတူပူးပေါင်းကျင်းပတဲ့ ပြည်တွင်းဖြစ်ထုတ်ကုန်ပစ္စည်းများအားပြသပြီး ရောင်းချသည့် Made in Myanmar Fair Local-Made Products ဈေးရောင်းပွဲ

10 June 2022

ဒီနေ့ပြုလုပ်တဲ့ Made in Myanmar Fair ကိုမြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် Myanmar Women Entrepreneurs Network (MYANWEN)နှင့် Venue partner အဖြစ် Junction City တို့မှအတူပူးပေါင်းကျင်းပတဲ့ ပြည်တွင်းဖြစ်ထုတ်ကုန်ပစ္စည်းများအားပြသပြီး ရောင်းချပေးတဲ့ပွဲလေးဖြစ်ပါတယ်။ မြန်မာစီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများကွန်ယက် Myanwen သည်ဝါရင့်အမျိုးသမီးအတတ်ပညာရှင်အသိပညာရှင်များ၊အောင်မြင်နေသောအမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များ၊လူငယ်စွန့်ဦးတီထွင်အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များအများစုပါဝင်ဖွဲ့စည်းထားသော အကျိုးအမြတ်မယူသောအဖွဲ့အစည်းတခုဖြစ်ပါတယ်။ ကဏ္ဍအသီးသီးမှာရှိတဲ့အမျိုးသမီးများအားဦးဆောင်မှူပြုနိုင်သော အမျိုးသမီးများ၊ စွမ်းဆောင်ရည်မြင့်မားသည့်စီးပွားရေးလုပ်ငန်းရှင်အမျိုးသမီးများဖြစ်လာစေရေးအတွက် အဓိကလမ်းညွှန်မှူပေးနိုင်ရန် အတွက် ကျမတို့ရဲ့ Myanwen ကို .2020 ခုနှစ် April 2ရက်နေ့မှာ တွင်စတင်ဖွဲ့စည်းထူထောင်ခဲ့ပါတယ်။ ဒီနေ့ကျင်းပပြုလုပ်တဲ့ Made in Myanmar Fair ပြုလုပ်ရခြင်းကတော့ Myanwen ​၏ရည်ရွယ်ချက်က်တခုဖြစ်တဲ့ နိုင်ငံတွင်းမှာရှိတဲ့အ​သေးစားအငယ်စားလုပ်ငန်းများဖွံဖြိုးတိုးတက်လာစေရန်၊ဈေးကွက်တိုးချဲ့ရန်နှင့်ကျယ်ပြန့်လာစေရန် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်းဖြစ်ပါတယ်။

Related Articles

03 April 2024

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် –...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် Farmers...

ဆက်ဖတ်ရန်
03 April 2024

(၂၂ ) ကြိမ်မြောက်...

𝗠𝘆𝗮𝗻𝗺𝗮𝗿 𝗪𝗼𝗺𝗲𝗻 𝗘𝗻𝘁𝗿𝗲𝗽𝗿𝗲𝗻𝗲𝘂𝗿𝘀 𝗡𝗲𝘁𝘄𝗼𝗿𝗸 –...

ဆက်ဖတ်ရန်
29 March 2024

𝐈𝐦𝐩𝐚𝐜𝐭 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐟𝐨𝐫...

Business Coalition for Gender Equality...

ဆက်ဖတ်ရန်