မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုး တိုးတက်ရေး ဌာန တို့ ပူးပေါင်းပြုလုပ် သည့် “ MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” ပြီးမြောက်ခြင်းအခမ်းအနားကို Vitrual အစီအစဉ်ဖြင့် ကျင်းပခြင်း

29 January 2021

၂၉.၁.၂၀၂၁ တွင် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုး တိုးတက်ရေး ဌာန တို့ ပူးပေါင်း ပြုလုပ် သည့် “ MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” ပြီးမြောက်ခြင်းအခမ်းအနားကို Vitrual အစီအစဉ်ဖြင့် ကျင်းပခဲ့ပါသည်။ ထိုအစီအစဉ်တွင် မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) ၏ ဂုဏ်ထူးဆောင် နာယက Dr. Anna Sui Hluan မှ အဖွင့်မိန့်ခွန်းပြောကြားပြီး၊ ဥက္ကဌ ဒေါ်ခိုင်ဇော်မှ နှုတ်ခွန်းဆက် စကားပြောကြား ခဲ့ပါသည်။ ထို့နောက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ၏ ဥက္ကဌ ဦးဇော်မင်းဝင်း မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ပါမောက္ခ ဒေါက်တာ ဦးအောင်ထွန်းသက် – Chairman, UNGC Network Myanmar မှ MSME လုပ်ငန်းရှင် များအား Power point presentation နှင့် တကွအသိပညာပေး စကားကိုလည်းကောင်း၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဉီးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးဝင်းမှ အမှာစကားပြောကြားခဲ့ပြီး မူဝါဒနှင့် ပြည်ပရေးရာဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ၏ ညွှန်ကြားရေးမှူး ဦးသောင်းဦး မှ MSME ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်မှုများအား ရှင်းလင်း တင်ပြခြင်း များပြုလုပ်ခဲ့ပါသည်။ ထို့နောက် မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်၏ ဒု-ဥက္ကဌ(၁) ဒေါက်တာစုလှဟန်မှ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီး တို့မှ MSME လုပ်ငန်းများ၏ မှတ်တမ်းဗီဒီယိုယူခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်လင်းတင်ပြခြင်း၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်၏ အကြံပေး ဒေါ်ဝင်းဝင်းတင့် – Group CEO, City Holdings မှ MSME လုပ်ငန်းရှင်များအား အသိပညာပေး စကားပြောကြားခြင်း၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်၏ ဒု – ဥက္ကဌ (၃) ဒေါ်နှင်းဝေ မှ MSME လုပ်ငန်းရှင်များဖြင့် Mentoring ပြုလုပ်ခဲ့ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခြင်း များပြုလုပ်ခဲ့ပါသည်။ ထို့နောက် MSME လုပ်ငန်းရှင်များ၏ကိုယ်စား မကွေးမြို့နှင့် ကျောက်ဖြူမြို့တို့မှ MSME လုပ်ငန်းရှင်များမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် မြန်မာ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက်၏ နာယက ဒေါ်ခိုင်ခိုင်နွယ် မှ ကျေးဇူးတင် နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်