မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုး တိုးတက်ရေး ဌာန တို့ ပူးပေါင်းပြီး ပြုလုပ် သည့် “ MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေး ဗျူဟာ တိုးတက်ရေး အစီအစဉ်”တွင် City Mart Holding Co., Ltd. မှ “အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းရှင် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများ အတွက် ဈေးကွက် အခွင့်အလမ်းများ” အကြောင်း ကို Vitrual အစီအစဉ်ဖြင့် ကျင်းပခြင်း

22 December 2020

(၂၂. ၁၂.၂၀၂၀) ရက်နေ့တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဌာန တို့ပူးပေါင်းပြီး ပြုလုပ်သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” တွင် City Mart Holding Co., Ltd. မှ “အငယ်စား၊ အသေးစား၊ အလတ်စား လုပ်ငန်းရှင် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သူများ အတွက်ဈေးကွက် အခွင့်အလမ်းများ” အကြောင်းကို မကွေးတိုင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးတို့မှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင်များသို့ Vitrual အစီအစဉ်ဖြင့် ရှင်းလင်းပြောကြား ခဲ့ပါသည်။ ထိုအစီအစဉ်တွင် နည်းပညာနှင့်စျေးကွက်မြှင့်တင်ရေးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဉီးစီးဌာန ၏ ညွှန်ကြားရေးမှူး ဒေါက်တာ အိရွှေဇင်ထွန်း မှ အမှာ စကား ပြောကြားခြင်း၊ မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဗဟိုအလုပ်အမှုဆောင် ဒေါ်စုစုတင် မှ အဖွင့်အမှာစကား ပြောကြားခြင်းများ ပြုလုပ်ခဲ့ပြီး Mr. Rajinder Grover, Managing Director – Food City Ltd. မှ “Marketing & Distribution : How to ensure the success of your products” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Daw Khin Mya Oo, Merchandising Director – City Mart Holding Ltd. မှ “Business Matching : Partnership Opportunity with CMHL” ခေါင်းစဉ်ဖြင့်လည်းကောင် အသီးသီးပြောကြားခဲ့ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ၏ ဒု – ဥက္ကဌ (၁) ဒေါက်တာ စုလှဟန်မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထိုအစီအစဉ်တွင် မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကျောက်ဖြူမြို့ ၊ ရခိုင်ပြည်နယ်နှင့် ပြည်နယ်နှင့်တိုင်း အသီးသီးမှ MSME လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပါသည်။

Related Articles

Happy Myanmar New...

မြန်မာ့နှစ်သစ်ကူးအခါသမယတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်...

ဆက်ဖတ်ရန်
09 April 2024

MYANWEN MSME Spotlight

Thiri Aung Mudra Myay Co.,Ltd...

ဆက်ဖတ်ရန်
06 April 2024

Corporate Governance for...

မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက်-Myanmar Women Entrepreneurs...

ဆက်ဖတ်ရန်