မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးဌာန တို့ ပူးပေါင်းပြီး ပြုလုပ် သည့် “ MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်”တွင် Strategy First University မှ “ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေရေးနည်းလမ်းများ” ကို Vitrual အစီအစဉ်ဖြင့် ကျင်းပခြင်း

12 November 2020

(၁၂.၁၁.၂၀၂၀) ရက်နေ့တွင် မြန်မာစီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် (MYANWEN) နှင့် MSME ဖွံ့ဖြိုးတိုးတက်ရေး ဌာန တို့ပူးပေါင်းပြီး ပြုလုပ်သည့် “MSME လုပ်ငန်းရှင် အမျိုးသမီးများ စီးပွားရေးဗျူဟာ တိုးတက်ရေး အစီအစဉ်” တွင် MSME ဖွံ့ဖြိုး တိုးတက်ရေးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်မျိုးခိုင်မှ အဖွင့်အမှာစကား ပြောကြား ပြီး မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) အထွေထွေ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်အေး မှ ဤအစီအစဉ်ပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး ၊ U Aung Chit Khin, Founder/MD, Strategy First Education Group မှ “ အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများအတွက် ဈေးကွက်ရှာဖွေရေးနည်းလမ်းများ” ခေါင်းစဉ်ဖြင့် မကွေးတိုင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တို့မှ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းရှင် များ သို့ Virtual အစီအစဉ်ဖြင့် ရှင်းလင်းတင်ပြ ပေးခဲ့ပါသည်။ ထို့နောက် မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများ ကွန်ယက် (MYANWEN) ဒုတိယ ဥက္ကဌ ဒေါက်တာစုလှဟန် မှ ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။ ထိုအစီအစဉ်တွင် မကွေးတိုင်း၊ မွန်ပြည်နယ်နှင့် ကျောက်ဖြူမြို့ ၊ ရခိုင်ပြည်နယ် မှ MSME လုပ်ငန်းရှင်များ တက်ရောက်ကြပါသည်။

Related Articles

19 March 2024

MYANWEN MSME Spotlight

Nwat Derli Zaw Citrus Myanmar...

ဆက်ဖတ်ရန်
8 March 2024

𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬!

အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ “𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻’𝘀 𝗗𝗮𝘆...

ဆက်ဖတ်ရန်
10 March 2024

𝗜𝗻𝘁𝗲𝗿𝗻𝗮𝘁𝗶𝗼𝗻𝗮𝗹 𝗪𝗼𝗺𝗲𝗻’𝘀 𝗗𝗮𝘆...

မြန်မာစီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးများကွန်ယက် – Myanmar Women...

ဆက်ဖတ်ရန်